ကဗျာ

မိုးခါး ● တီရှပ်ပေါ်ကစကားလုံးများ

မိုးခါး ● တီရှပ်ပေါ်ကစကားလုံးများ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၈

မြစ်ကိုကိုယ်စားပြုပြီးထားခဲ့ကြတယ်
ဗန်ဂိုးလူလားမြောက်ရာသီထဲ
ဆေးစက်
ကိုင်လှုပ်
ပန်းတုတွေလွင့်နေတဲ့တိမ်အဖြစ်
ကိုယ်ဝါရောင်ရှိန်ရှိန်တွေ
တောက်ပလွန်းတဲ့သေခြင်းတရားကို
ခဏဖြစ်ဖြစ်မေ့ထားလိုက်တော့
ခြေတလှမ်းနဲ့တံတားခင်းဖို့
ကျောနံပါတ်ကိုအသားပေးထားတဲ့စာသားနဲ့
မျက်လုံးပစ်မှတ်ပေါ်ကဒဏ်ရာ။    ။

မိုးခါး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts