ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – ဝေဒနာ

ဝေဒနာ
ရဲရင့်သက်ဇွဲ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၈
 
တသက်တာရည်စူးထားခဲ့တယ်
ငါ့မှာ ရှိသမျှအရာအားလုံး
ရိုးတွင်းချဉ်ဆီထိတိုင်အောင်
ငါ ပေးခဲ့သမျှ
ငါရခဲ့သမျှ ချစ်ခြင်းတရားနဲ့ 
လှပနေခဲ့တယ်မဟုတ်လား….

အခုတော့လည်း ဒါတွေဟာ
 တံလျှပ်တွေပါ
ခြေလွန် လက်လွန် ကုန်ဆုံးခဲ့ရတဲ့
ယုံကြည်မှုများ စမ်းတဝါးဝါးနှင့်ဆိုသော်လည်း
မျက်စေ့မမြင်ရတော့တဲ့အခါ
အကြားအာရုံ ပိုထက်မျက်လာခဲ့သလိုပေါ့
ကံကြမ္မာရဲ့ရိုက်ချက်
ကြယ်တွေ လတွေနဲ့ မီးပွင့်သွားခဲ့တယ်

ဘဝနဲ့ ရင်းပြီး
ယုံကြည်မှုတွေအားလုံး
စွန့်လွှတ်ခဲ့ပါပြီ
နက်ရှိုင်းတဲ့အတွင်းသားထဲမှာ
 စွဲကပ်နေတဲ့ ချစ်ခြင်းတရား
ငါ ရူးသွပ်စွာတပ်မက်ခဲ့မိသော
အနာဂတ်မျှော်လင့်ချက်များအားလုံး
ဘုံးဘုံးလဲသွားသော်လည်း
နီရူဒါ ရဲ့ကဗျာတစ ငါ့မှာတသသနဲ့ 
(အဲဒီမှာပဲ ငါသေချင်တယ်
တကယ်လို့ အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ် …..နီရူဒါ)

ရဲရင့်သက်ဇွဲ

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts