K ငြိမ်းချမ်း သတင်းပဒေသာ

မြင်မှုကဗျာနှင့် အက္ခရာပွဲတော် အမည်နဲ့ ကဗျာပြပွဲ ပန်းဆိုးတန်းဂယ်လာရီမှာ ပြုလုပ်နေ

မြင်မှုကဗျာနှင့် အက္ခရာပွဲတော် အမည်နဲ့ ကဗျာပြပွဲ ပန်းဆိုးတန်းဂယ်လာရီမှာ ပြုလုပ်နေ

K (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

ပန်းဆိုးတန်းဂယ်လာရီမှ စီစဉ်မှုဖြင့် ဒုတိယအကြိမ်မြောက် မြင်မှုကဗျာနှင့် အက္ခရာပွဲတော် အမည်ရှိ ကဗျာပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်း(လယ်)ရှိ ပန်းဆိုးတန်းဂယ်လာရီမှာ ယနေ့ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်ထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကဗျာပြပွဲမှာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်လင်းကြည်၊ ထွန်းဝေမြင့်၊ မောင်ဖီလာ၊ နေစိမ့်၊ ၀င်းမြင့်၊ သစ်မွှေး၊ မောင်ယုပိုင်၊ ညလွမ်းအိမ်၊ ဒီလူကလေး၊ ငြိဏ်းဝေ၊ မြင့်မိုး အောင်၊ လင်းဇင်ယော်၊ လွတ်လပ်အိမ်၊ မြူပါးရ်၊ ငုအိမ်ထက်မြက်၊ လင်းသဏ်ညီ၊ မြတ်၊ မောင်ဒေး၊ မင်းထက်မောင်၊ မောင်လင်းရိပ်တို့ရဲ့လက်ရေးကဗျာများကို ပြသထား မှာဖြစ်ပြီး ဒီဇင်ဘာ ၁ရက်နေ့ နေ့လယ် ၁နာရီမှာတော့ ကဗျာဖတ်ပွဲနဲ့ ကဗျာ/ အနုပညာ စကားဝိုင်းတခုလည်း ပါဝင်တယ်လို့သိရပါတယ်။

ယခုပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း အက္ခရာတွေရဲ့အနုပညာ၊ အက္ခရာတွေရဲ့ကာရန်၊ အက္ခရာတွေရဲ့အသံ၊ အက္ခရာတွေရဲ့ အာရုံ လှည့်စားခြင်းများကို ကဗျာများဖြင့် ပြသတဲ့ အက္ခရာပွဲတော်အမည်နဲ့ ကဗျာဆိုင်ရာလှုပ်ရှားမှုတခုကိုလည်း တင်ဆက်ခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts