K ငြိမ်းချမ်း ကဗျာ လူများ၊ ရုပ်ပုံလွှာများ သတင်းပဒေသာ

ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့် (၁၉၄၅-၂၀၁၈) ကွယ်လွန်။ အမျိုးသားနေ့မှာ သင်္ဂြိုဟ်မယ်


ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့် (၁၉၄၅-၂၀၁၈) ကွယ်လွန်။ အမျိုးသားနေ့မှာ သင်္ဂြိုဟ်မယ်
K (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိနေအိမ်မှာ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ၁နာရီ ၂၃မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။

ဈာပနအခမ်းအနားနှင့် မီးသဂြီင်္ုဟ်ခြင်းကို ဒီဇင်ဘာ ၂ရက်(အမျိုးသားနေ့)နေ့လယ်၂ နာရီမှာ ပုသိမ်မြို့သရောင်းချောင်း သုသာန်မှာ ပြုလုပ်သွားမယ်လို့သိရပြီး လိုက်ပါပို့ဆောင်လိုသူများအနေနဲ့ ပုသိမ်မြို့ရ က အ(၆)နယ်မြေ၊ မြို့ပတ်လမ်း အမှတ်၃၁/A ရှိနေအိမ်မှ ကားများ ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။

ကဗျာဆရာ မောင်အောင်ပွင့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄နှစ်အရွယ် ဖြစ်ပါတယ်။

မောင်အောင်ပွင့်

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘုရားကုန်းကျေးရွာ၌ ဖခင်ဦးထွန်းမှိန်၊ အမိ ဒေါ်စာမတို့မှ ၁၉၄၅ခု နိုဝင်ဘာ၁၁ရက် ဖွား မြင်။ ပထမဆုံးကဗျာမှာ ၁၉၆၈ အမှတ်၎ထုတ် အိုးဝေမဂ္ဂဇင်းတွင် စတင်ပုံနှိပ်ခဲ့ပါတယ်။

ရေးသားခဲ့တဲ့ ကဗျာစာအုပ်များ
အလွမ်းပင်တော(၁၉၇၂)

ဝါကျင့်ကျင့်နေ့ခင်းရှည်( ကျော်ကျော်ခင်၊ အောင်ငြိမ်း)

ကောင်းကင်တော်တမ်းချင်း(၁၉၉၅)

ဧကစာမီးခိုးများ (မောင်အောင်ပွင့်၊ ကိုသန်းထွန်း၊ ကေအေတီ၊ အောင်ဘညို)၁၉၉၆

The Contents of a Life ( ဆရာမောင်သာနိုးအင်္ဂလိပ်ဘာသာပြန်၊ ပြည်ပမှာ ထုတ်ဝေ)

နိုင်ငံတော်သစ်မွေးဖွားခြင်း

ငရဲဟီသံ

မြစ်များစီးဆင်းတဲ့အကြောင်း

ဥတုကျော် ဝေဒနာညည်းချင်း(၂၀၁၇)

ကျောင်းဆရာ၊ စာပြင်ဆရာ၊ စာအုပ်ဟောင်းရောင်းသူ၊ သတင်းမှတ်တမ်း အယ်ဒီတာနှင့်ဗီဒီယိုဇာတ်ညွှန်းရေးဆရာအဖြစ် အသက်မွေးဝမ်းကြောင်းခဲ့။

နိုင်ငံရေးယုံကြည်ချက်ကြောင့် ပုသိမ်ထောင်(၁၉၆၇-၆၈)၊ အင်းစိန်ထောင်(၁၉၇၈-၈၀)၊ တံတားဦးရဲစခန်းအချုပ်(၁၉၉၇)၊ သာယာဝတီထောင်(၁၉၉၉-၂၀၀၅) တို့မှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ရ။

၂၀၀၂ခုနှစ်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှပေးအပ်သော ဟဲလ်မင်းဟမ်းမက်ဂရန့်ဆု ရရှိ။ ၂၀၁၂-ခု ဆဋ္ဌမ အကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် ငြိမ်းချမ်းရေးညစာ အမည်ဖြင့် ကဗျာပေါင်းချုပ်ဆု ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာသတင်းသမားများအခွင့်အရေးကော်မတီမှ ချီးမြှင့်သော နိုင်ငံတကာစာနယ်ဇင်း လွတ်လပ်ခွင့် ဆုရရှိ

၂၀၁၇ ခုနှစ်မှာ ဒါရိုက်တာပီတာလုံးက Burma Storybook ရုပ်ရှင်ဖြင့် ဂုဏ်ပြုရိုက်ကူးမှတ်တမ်းတင်ခံရ။

ငါးရိုးနင်တဲ့ငွေလမင်း၊ မြစ်ဆိပ်၊၊ ငြိမ်းချမ်းရေးညစာကဗျာတို့မှာ အထူးထင်ရှား။

ကွယ်လွန်ချိန်အထိ ပြည်တွင်းငြိမ်းချမ်းရေးကို အစဉ်တစိုက် တောင်းဆို တပ်မက်ခဲ့။

ဇနီးဒေါ်နန်းညွှန့်ရွှေ(ကွယ်လွန်)၊ သား မောင်ကြီးငြိမ်းချမ်း၊ သမီး လုံမငြိမ်းချမ်း၊ မြေး မောင်ငြိမ်းချမ်းခေတ်၊ မငြိမ်းချမ်းခေတ် သူ၊ မငြိမ်းချမ်းခေတ်သူအောင်တို့ကျန်ရစ်

(ဓာတ်ပုံ- လုံမငြိမ်းချမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts