K ငြိမ်းချမ်း စာအုပ်စင်

ကဗျာဆရာ ညွှန့်သစ်ရဲ့ကဗျာဆရာများနဲ့စကားစမြည် အမည်နဲ့ စာအုပ်ထွက်ရှိ

 

ကဗျာဆရာ ညွှန့်သစ်ရဲ့ကဗျာဆရာများနဲ့စကားစမြည် အမည်နဲ့ စာအုပ်ထွက်ရှိ

K (မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၈

ကဗျာဆရာ ညွှန့်သစ်ရဲ့ကဗျာဆရာများနဲ့စကားစမြည် အမည်ရှိ စာအုပ်ကို မှော်ဆရာမစာပေကနေ တန်ဖိုး ၂၀၀၀ကျပ်နဲ့ ယခုနိုဝင်ဘာလထဲမှာ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။အဆိုပါ စာအုပ်မှာ ကဗျာဆရာ ၁၉ယောက်နဲ့ အင်တာဗျူးသဘော စကားပြောဆိုထားတာများကို ဖတ်ရှုရမှာဖြစ်ပြီး စာအုပ်ရေးသားသူ ကဗျာဆရာညွှန့်သစ်နဲ့စကားပြောခန်း ၂ပုဒ်ကိုလည်း ထည့် သွင်းထားပါတယ်။

စာအုပ်မှာ စာရေးသူရဲ့အမှာစာ ကိုယ်ရေးအကျဉ်း၊ အင်တာဗျူးများဖြစ်တဲ့ ကိုယ့်ကဗျာအတွက် မရှက်ချင်သူ ကဗျာဆရာ အုန်းမြင့်လှိုင်၊ ရင်ထဲက လာတဲ့ကဗျာ ကဗျာဆရာ ညွှန့် အေး (အင်းဝ)၊ အိပ်မက် အလျားရှည်ကြီးထဲက ကဗျာဆရာ နီဇော်(ပျဉ်းမနား)၊ ဘာသာစကား၏အကောင်းဆုံးအသံထွက် ကဗျာဆရာ မောင်သင်းမိုး၊ အချိန်နှင့်ဒီရေ၌ ကဗျာ ကိုတွေ့ရှိသူ ကဗျာဆရာ အောင်ဇင်မင်း၊ မြန်မာကဗျာကို မြန်မာတွေနားလည်စေချင်တဲ့ ကဗျာဆရာ မောင်အောင်နီ၊ ကဗျာစိတ်ဟာ အနုပညာဆိုသူ ကဗျာဆရာ မောင်ကြည်မွန်၊ ကဗျာနှင့်အသက်ထက်ဆုံး ကဗျာဆရာမောင်သာလင်း၊ ကဗျာဆရာမ မရီဝေ၊ ကဗျာဆရာအောင်သိမ်းဦးရဲ့ပီတိ၊ မပြီးဆုံးသေးသော ကဗျာ အမြစ်တွယ်နေသောအတိတ် ကဗျာ ဆ ရာ ဗဟိုမောင်မိုးဆွေ၊ ဘ၀ထဲက ကောက်ရိုးတစ်မျှင် ကဗျာဆရာမ မအိ၊ ကဗျာပန်းတိုင်း ပွင့်စေချင်သူ ကဗျာဆရာ ဆွေဦးမြင့်၊ ကဗျာမြို့တော်သား ကဗျာဆရာ နေရိုင်း၊ လူတွေ အတွက် ကဗျာရေးသူ ကဗျာဆရာ အောင်ဘညို၊ ခေတ်အာရုံနှင့် သွန်းဆစ်ထားသူ ကဗျာဆရာ မိုးဃ်ဇော်၊ အနုပညာရောဂါစွဲကပ်နေသူ ကဗျာဆရာ ၀ါဆိုကိုဦး၊ ကဗျာဆရာ မိုး ဝေး၏အာရုံခံစားမှုများ၊ ချစ်ခြင်းမေတ္တာ ကို ဖွဲ့ဆိုသူ ကဗျာဆရာ ဟန်သာသူတို့အပြင် အောင်မိုးဆောင်း၊ K ငြိမ်းချမ်းတို့နဲ့ ကဗျာဆရာညွှန့်သစ်တို့ စကားပြောခန်းများ ပါဝင်ပါတယ်။

အမှာစာမှာ “ဒီစာအုပ်မှာ ကဗျာဆရာတွေ အားလုံး စုံစုံညီညီမပါဝင်သေးတဲ့စာအုပ်လည်းဖြစ်တယ်။ မိမိရဲ့ကျန်းမာရေးအခြေအနေကလည်း ဆန္ဒရှိသလို မလုပ်နိုင်တော့တဲ့အတွက် မိတ်ဆွေရဲဘော်များ ၀ိုင်းဝန်းအကြံပြုတဲ့အတိုင်း ဒီစာအုပ်ကိုလုပ်ဖြစ်ခဲ့တာပါ။ တကယ်ဆို ကဗျာဆရာအားလုံးကို မေးချင်ထည့်ချင်ခဲ့တာပါ”လို့ ဆိုထားပါတယ်။

ကဗျာဆရာကြီး ညွှန့်သစ်ဟာ အသက် ၇၆နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ၂၀၁၈ခုနှစ်အတွင်း လေဖြတ်ဝေဒနာခံစားခဲ့ရပြီး ပြန်လည် ကုသနေရကာ ယခုရွှေပြည်သာမြို့နယ်မှာ နေထိုင် လျက်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts