K ငြိမ်းချမ်း သတင်းပဒေသာ

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၁၀) ဒီဇင်ဘာ ၁ ရက်

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၁၀) ဒီဇင်ဘာ ၁ ရက် 

K (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၁၀)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်း ဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရုံးခန်းမှာ ဒီဇင်ဘာ ၁ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၁၀)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းဆရာ စိုးစံဝင်း ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ရောက်တတ်ရာရာ ဖြစ်ပါတယ်။

ကာတွန်းစိုးစံဝင်းကို ၁၉၅၉ ၊ ဒီဇင်ဘာလ ချောက်မြို့တွင် မွေးဖွား။ မွေးချင်းလေးယောက်အနက်ထဲမှ သူကတတိယမြောက်သား။ သူငယ်စဉ်က အစ်ကိုဖြစ်သူ ကာတွန်း နေမျိုး ၀င်းကိုကြိတ်ကာ အားကျခဲ့။ အသက်၁၄နှစ်အရွယ်မှ စတင်ကာ ကာတွန်းရေးဆွဲ။ ကာတွန်းငွေကြည်၊ ကာတွန်းမောင်သက္က၊ ဆရာဦးဖေသိန်း၊ ဆရာဦးအောင်ရှိန်တို့ ကိုနှစ်သက် အားကျခဲ့။ ကျော်မျိုးဝင်း။ ဇော်အောင်အမည်ဖြင့်လည်း ရေးခဲ့။ ဂျစ်တူးရုပ်စုံတွင် သရီးစတားစုံထောက်ကောင်မလေးသုံးယောက်အကြောင်း အစရှိတဲ့ ရုပ်ပြများရေးခဲ့။ လူကြိုက် များခဲ့။ ယခု သတင်းစာ၊ ဂျာနယ် အစရှိတဲ့ စာနယ်ဇင်းလောကမှာ ကာတွန်းများရေးဆွဲလျက်ရှိပြီး သားသမီးသုံးယောက်နှင့်အတူ သာကေတတွင်နေထိုင်လျက်ရှိပါတယ်။

ယခုကာတွန်းပညာမျှဝေခြင်းအစီအစဉ်က (၁၀)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်အစီအစဉ်များမှာ ကာတွန်း ဦးငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာ၊ ကာတွန်း အောင်ဇေယျ၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းအာကာ၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းဘီရုမာ၊ ကာတွန်းဟန်လေးတို့က ဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ကာတွန်းချစ်သူများ မည်သူမဆို လာရောက်နားထောင်ပြီး သိလိုသည်များကိုလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါပြီး ဟောပြောမှုအစီအစဉ်များကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts