ကျော်ထင် – ၄၉- အနမ်း

                                                       
 

၄၉- အနမ်း
ကျော်ထင်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈
၁
မိမိ၌ရှိ​သော နှာဝတ​စုံဖြင့်​ ပါးပြင်​တ​ခုကို၊ ဒါမှမဟုတ်​ ပါးပြင်တစုံကို
နမ်
းလိုက်​သည်​ဆိုငြားအံ့။ ထိုအနမ်းတို့ သည်​ ပြုမူပုံခြင်းသာ တူချင်​တူမည်​။ လုပ်​​ဆောင်​ပုံခြင်းသာ ထပ်​တူကျချင်​ကျမည်​။ သို့သော်​ အနမ်း၏ အဓိပ္ပာယ်​သည်​ တူသည်​မမည်​သေး။ အနမ်း၏အနက်​သည်​ ထပ်​တူမဖြစ်​​သေး။ အနမ်းသည်​ ​ကာယကံ​မြောက်​ တူသည်​ ရှိ​သော်​ငြား မ​နောကံအရမူ အကွဲကြီး ကွဲ​လေ၏။ စင်​စစ်​ ထိုအနမ်းတို့သည်​ဝေါ်ဟာရအရသာ
တူခြင်
း ဖြစ်​နိုင်​သည်​။ အနှစ်​သာရကား အကွဲ​ကြီးကွဲလေ၏။
၂
ကျ​နော်​သည်​ သား​လေးကို ​မွေးပြီးကတည်းက နေ့စဉ်​လိုလို နမ်းဖြစ်​ခဲ့ပါသည်​။ သား​လေး၏ ပါးပြင်​​ရဲရဲလေး​တွေသာမက သား​လေး၏နဖူး၊
သား
လေး၏ကုပ်​ပိုး၊ သား​လေး၏လက်​​မောင်းသား ဝဝကစ်​ကစ်​။ သား​လေး နီတာ ရဲကာလများကဆိုလျင်​ ​ခြေဖဝါး နုနု​လေးများကိုပင်​ နမ်းဖြစ်​လိုက်​သေး၏။
ထို့အတူ ကျ​နော်​သည်​ ကျ​နော်​၏ချစ်​ဇနီးကိုလည်း မကြာမကြာနမ်းဖြစ်​မိပါသည်​။ မယား၏
ပါးလျလျနှုတ်
ခမ်း လွှာများ၊ ​အိစက်​ညက်​​ညော​သောပါးပြင်​နှစ်​ဘက်​အတွက်​ ဘယ်​ပြန်​ ညာပြန်​ အနမ်းများ။ သေး​သေးပါးပါး
နားရွက်
ဖျား​လေးများနှင့်​အတူကျဉ်းကျဉ်းသွယ်​သွယ်​ နဖူးပြင်​တို့ကိုလည်း မက်​မက်​စက်​စက်​ နမ်းမိဖူးပါသည်​။ နားထင်​မှာ ကျဆင်း​နေ​သော ဆံနွယ်​စများအပါ
အဝင်
၊ လက်​​မောင်းသားချောမွတ်​မွတ်​တို့သည်​လည်း ကျ​နော်​၏အနမ်းဧရိယာနယ်​တ​ခွင်​တွင်​ ပါဝင်​ခဲ့ပါသည်​။
သို့​သော်​ နမ်းရ​သော အနမ်းတိုင်းတွင်​ ခံစားရ​သော ရသကား
မတူ။ သား
လေးကို နမ်း​သော အနမ်းတိုင်းတွင်​ စီးဆင်းသွားခြင်းကို သိသိသာသာ
ခံစား
နေရသည်​။ မေတ္တာသည်​ ကျ​နော့်​ထံပါးမှ သားထံပါးဆီသို့သာဥဒဟို စီးဆင်း​သွားသည်​။ထို့အတွက်​ ကိုယ်​ထဲ၊ စိတ်​ထဲ၌ ​အေးချမ်း​နေ၏။ ထိုအနမ်းသည်​အပြန်​မလို​သော စီးစင်းခြင်း၊ အသွားချည်းပဲ ရှိ​သောစီးစင်းခြင်းဟု ခံစားမိသည်​။
တချို့ က ယင်းကို အစုန်​ဟုတင်​စားကြသည်​။ ကျ​နော်​၏ ​ချစ်​ခြင်းမေတ္တာသည်​လည်း သား​လေး၏အ​ပေါ်တွင်​ အစုန်​ခရီးသာဖြစ်ရမည်​။ သားဆီက
ပြန်
လာမည့်​အဆန်​ကို ကျ​နော်​မ​သိ။ သား​လေးဆီက ပြန်​လာဖို့ မလို။
ပြန်
လည်​ ​ပေးဆပ်​ခြင်းကို မ​မျှော်​လင့်​မိ။ မျှော်​​လင့်​ချက်​မထားသောအနမ်းသည်​ မပူ​လောင်​၊ထာဝရ​အေးချမ်းမြဲ၊​အေးချမ်း၏။ တ​ခါတ​ရံ ကျ​နော်​၏အနမ်းကို သား​လေးက ငြင်းဆန်​​တတ်​သည်​။ ​သို့​သော်​ ကျ​နော်​ ဘာမှမဖြစ်​မိ။ ကျ​နော်​၏မေတ္တာကား ဆက်​လက်​ စီးမြဲ၊စီးစင်းဆဲပင်​ဖြစ်​၏။ နမ်းတယ်​ကွာ၊ ကိုယ်​သား​လေး ကိုယ်​နမ်းတာ ဘာဖြစ်​လဲဟု သား​လေးမခံချင်​​အောင်​လည်း စလိုက်​​သေးသည်​။
ထိုအနမ်းတို့သည်​ ဘယ်​အချိန်​ဘယ်​ကာလက စခဲ့သနည်း။ သား​လေး​မွေး​သော ၂၀၀၈။ ထူးအိမ်​သင်​သီချင်းနှင့်​ ပုခက်​တွင်း၌ သား​လေးကိုသိပ်​​သောအခါ အိပ်​မ​ပျော်​​သေးခင်​ နမ်း၏၏။ အိပ်​​ပျော်​​နေစဉ်​လည်း ဖွဖွနမ်း၏။ ရှမ်း ကန်​နံ​ဘေး တွန်းဘီး​လေးနှင့်​ ထိန်း​ကျောင်းရင်းလည်း နမ်း၏။ ပြေးလွှားလာ​သော သား​လေးကို ဆီးကြို​ပွေ့ချီ
ပြီးလည်
း နမ်း၏။ သား​လေး၏ဗိုက်​သား​လေးကို ပါးစပ်​ဖြင့်​ ဗွားခနဲအသံထွက်​​အောင်​ပြုလျက်​ သား​လေးရယ်​​မော​အောင်​ပြု၍လည်း နမ်းသည်​။
သူ့​မေ​မေ ရင်​ခွင်​တွင်း နို့စို့​နေစဉ်​လည်း နမ်းသည်​။ ထိုအခါမျိုးတွင်​ သား​လေးသည်​ ပိုချစ်​စရာ​ကောင်း၍ ပိုလို့ ပင်​ နမ်းမဝ ဖြစ်​ရ​သေးသည်​။သား​လေးကို နမ်း၏။ ထိုသို့ နမ်းစဉ်​ကာလများတွင်​အေးမြ​နေ​သောရင်​၌စီးစင်းသွား​သော ရသတခုကို ခံစားခဲ့ရသည်​။ သို့မဟုတ်​ ရင်​ထဲ၌ ​အေးမြ​နေ​သော စီးစင်းခြင်းတစ်​ခု စီး​မျှောသွားသကဲ့သို့ ခံစားလိုက်​ရသည်​။
၃
ဇနီးသည်​ကိုနမ်း​ခဲ့စဉ်​က သမီးရီးစားဘဝ။ ငွေ​ဆောင်​ရုပ်​ရှင်​ရုံ ပြင်​ပြီးခါစ အ​ပေါ်ထပ်​။ အ​မှောင်​ထု၏​အောက်​ထဲ၌ ကျ​နော်​ကား ရုပ်​ရှင်​ကိုပင်​ ​ကောင်း​ကောင်း မကြည့်​နိုင်​။ ဒိန်းတလိန်းနတ်​ဖမ်း​နေ၏။ ကျ​နော့်​ချစ်​သူက ၁၈ နှစ်​။ ကျ​နော်​က ၃၂ နှစ်​။ ရွက်​အိုနှင့်​ ရွက်​နု ပုခုံးခြင်းထိလု ထိလု​တွေမှာ ​လေ​အေး​ပေးစက်​ကြီး​တွေ ဖွင့်​ထားရက်​သားနှင့်​ ကျ​နော်​ကား ​ချွေးပျံ​နေ၏။ ကာလီမယ်​​တော်​ကြီးမီးနင်းပွဲ​တော်​ လှည့်​လာသလို ရင်​ခုန်​လှုပ်​ရှား အလုပ်​များရသည်​။
လက်​က​လေးကို ဖွဖွ ဆုပ်​ကိုင်​ရာမှ ပါး​လေးကို မွမွ​ပေးဖို့
သာကျ
နော်​ ကြိုးစားမိ​နေသည်​။ သို့မဟုတ်​ ​မျှော်​လင့်​မိ​နေသည်​။ သို့​သော်​ ကျ​နော့်​ အနမ်းကို ငြင်းဆန်​လိုက်​မည်​ကိုလည်း ကျ​နော်​ကြောက်​​သည်​။ ငြင်းလိုက်​လျှင် ကျ​နော်​ခက်​မည်​။ ကျ​နော်​ ရှက်​သည်​။ သို့​သော်​ မတတ်​နိုင်​။ ကျ​နော်​ မတတ်​နိုင်​။ ရုပ်​ရှင်​ပြီးဆုံးတဲ့ထိ မနမ်းလိုက်​ရ မှာကို ကျ​နော်​ ပို​ကြောက်​သည်​။ တမ်းမက်​ရလွန်း​သောအနမ်းတစ်​ခုကို ကျ​နော်​ ဖန်​တီးကြည့်​ချင်​​သည်​။ အိပ်​မက်​ထဲ ထိပင်​ဝင်​၍ ရင်​ခုန်​မြန်​​စေခဲ့​သောအနမ်းကို လက်​ဝယ်​ပိုင်​ပိုင်​ရလိုချင်​မိသည်​။
ထိုအနမ်းသည်​ ဆန်းသည်​။ ထိုအနမ်းသည်​ ကြမ်းလိမ့်​မည်​။ မနမ်းခင်​ကတည်းက ပူ​လောင်​လွန်း​နေ၏။ ဆာ​လောင်​လွန်း​နေ၏။ အနမ်းတစ်​ခုပေးပြီး အနမ်းတစ်​ခုကို ပြန်​လိုချင်​မိသည်​။ ထိုအနမ်းကား အသွားအပြန်​အနမ်း။ အပြန်​အလှန်​အနမ်း။ အ​ပေး အယူ အနမ်း။ ရွက်​နု​လေး၏ ဘယ်​ပုခုံးသားကို
လက်
ဖဝါးဖြင့်​ မဟာဗျူဟာ​မြောက်​ အုပ်မိုးလိုက်​သည်​။ ပြီး ဆုပ်​ကိုင်​လိုက်​သည်​။ ရင်​ဘတ်​တွင်းမှာ​တော အ​မောလွန်​​နေသည့်​ ကစား သမားလို အသက်​ရှူ​နှုန်းတွေ မြန်​လွန်း​နေသည်​။
ကျ​နော်​ ဆုံးဖြတ်​ချက်​ကို တိတိကျကျ ​သေ​သေသပ်​သပ်​ ချမှတ်​လိုက်​သည်​။ ထိုခဏ မွတ်​သိပ်​စွာ နမ်းရှိုက်​မှုတို့သည်​အပြန်​အလှန်​စီး​မျှောသွားကြ၏။ ထိုအခိုက်​အတန့်​ ရင်​နှစ်​စုံလုံးတို့တွင် ​ရေ​ပူ​စီး​ကြောင်းများ ​မြောက်​မြားစွာ ဖြစ်​​ပေါ် စီးစင်းသွားကြ​ပေလိမ့်​မည်​။
၎
ယခုနှစ်​၊ ယခုလ၊ ၂၀ ရက်​​နေ့တွင်​ ကျ​နော့်​အသက်​သည်​ ၄၉ နှစ်​ တင်းတင်းပြည့်​ခဲ့ပြီ။ ထိုအသက်​အရွယ်​​ရောက်​မှ အ​မေ့ကို ကျ​နော်​ထူးထူးခြားခြားနမ်းချင်​​နေမိသည်​။ အ​မေ့ကိုမနမ်းဖြစ်​ခဲ့သည်​မှာကြာခဲ့ပြီ။ မူလတန်း လွန်​ပြီးကတည်းက အ​မေ့ကို ကျ​နော်​ မနမ်းမိ​တော့။ အ​မေ့ပါးပြင်​သည်​ ကျ​နော့်​နှင့်​ ​သွေးသား ​တော်​စပ်​​နေသည့်​တိုင်​ သူစိမ်းတစ်​ရံဆံမျှ ဖြစ်​​သွားခဲ့၏။ အသက်​အရွယ်​အရ ၉ နှစ်​သားအရွယ်​အထိသည်​ အ​မေ့ပါးပြင်​နှင့်​ကျ​နော်​ နီးစပ်​ခဲ့​သော ကာလများဖြစ်​ခဲ့သည်​။ ၉ နှစ်​သား၏ အလွန်​၊ ဒီမှာဘက်​နှစ်​ကာလများသည်​ အ​မေ့ပါးပြင်​နှင့်​ ​ဝေးခဲ့​သောနှစ်​ကာလများသာ
ဖြစ်
ခဲ့၏။
အမိ အနမ်းမဲ့ကာလ၊ထိုကာလများသည်​နှစ်​​​ပေါင်းလေးဆယ်​။ ဆယ်​စုနှစ်​(၄)စု။အ​မေ့ကို နမ်းခဲ့ရ​သော အမိနမ်း ရသကိုပင်​ ရုပ်​ဖမ်းမရတော့။ မမှတ်​မိ​တော့။ အမိနမ်း ရသသည်​ ကျ​နော်​နှင့်​ သူစိမ်းပြင်​ပြင်​ရှိ​ချေ၏။ သွေး​အေး​၊ နေ​​အေး ဖြစ်​နေ၏ ။သို့​သော်​ ယ​နေ့ လှုပ်​ခပ်​မှုသည်​ ထိုသို့ မဟုတ်​။ သွေး​အေးမှုမှသည်​ ​သွေး​နွေးမှုဆီ ​ပြောင်း​ရွေ့သွား ပြီ။
ကျ​နော်​ အ​မေ့ကို နမ်းချင်​​နေမိသည်​။ ကျ​နော်​ နှစ်​ခြိုက်​စွာနမ်းခဲ့စဉ်​ကာလများက
အ
မေသည်​ အသက်​သုံး ဆယ်​အရွယ်​၊ လတ်​ဆတ်​​နေ​သော ဥပဓိများပိုင်​ဆိုင်​ထားဆဲကာလ။ ကျ​နော်​ ကိုးနှစ်​သားတွင်​ အ​မေ ၃၄ နှစ်​ သ မီး။မိခင်​တစ်​​ယောက်​၏ ဖြစ်​တည်​မှုများ ဖွံဖြိုး​နေဆဲ။ မာတာအင်္ဂါရုပ်​များက အား​ကောင်း​နေဆဲ။
ယခုအခါ ကျ​နော်​ နမ်းချင်​​နေမိ​သော အ​မေ့ပါးပြင်​သည်​ ခွက်​၍ ​နေသည်​။ သွားရိုးတို့သည်​ ​ငေါ၍ ထွက်​​နေ၏။ ပါးစပ်​​ပေါက်​မှ အနံအသက်​တို့သည်​ အသက်​ကို အားပြုရှူတိုင်း ပုပ်​အီအီထွက်​ထွက်​လာတတ်​သည်​။ မျက်​ကွင်း နှစ်​ကွင်း၏ဧရိယာ ပရဝဏ်​သည်​ ​အောင်​မည်းညိုပန်းနှယ်​။ ခရမ်းပြာဘက်​ လု​လျက်​။နားထင်​စပ်​တို့တွင်​ မည်း ညိုစပြု​နေသည်​။ ရှုံ့ တွ​နေ​သော လက်​​မောင်းသားတို့သည်​ ​ခေါက်​ထား​သော ခြုံ​စောင်​တခု​ပေါ်တွင်​ အသက်​ကင်းမဲ့သလိုကျလျက်​။ ကျ​နော်​သည်​ အ​မေ့​ဘေး ခုတင်​​ဇောင်းတွင်​ တင်​ပါးလွှဲထိုင်​လျက်​ အ​မေ့ခန္ဓာကို ​ကျော်​၍ လက်​​ထောက်​လိုက်​သည်​။
  
မပွင်
့​​တော့​သော မျက်​လုံး၏​အောက်​၊ ခွက်​ဆင်းသွား​သော ပါးပြင်​၏နယ်​စပ်​။ ကျ​နော်​ နစ်​ခြိုက်​စွာ နမ်းလိုက်​မိ သည်​။စီးဝင်​လာ​သော ရသတစ်​မျိုးကို ကျ​နော်​ ရရှိလိုက်​သည်​။ ခံစားမှုသည်​ ဟေမန္တလိုအ​အေး။မေတ္တာဓာတ်​သည်​ ကျ​နော့်​ဆီမှ စီးစင်းသွားခြင်းကို လှန်​လျက်​၊ကန်​လျက်​။ ကျ​နော့်​ထံပါးသို့သာ ဒလ​ဟော စီးကျလာသည်​။ စီးဝင်​ခြင်းဖြင့်​သာ ကျ​နော့်​ထံပါး တိုးဝင်​လာသည်​။ တော်​ရုံမျက်​ရည်​ မထွက်​တတ်​​သော ကျ​နော့်​မျက်​လုံးအိမ်​တွင်​ ​မျက်​ရည်​ကငွေ့ရည်​လာဖွဲ့သည်​။ မျက်​​တောင်​ကို ဆတ်​ခနဲခတ်​လျက်​၊ မျက်​ရည်​ကိုဖယ်​ရှားလိုက်​သည်​။ လွင့်​ပါးသွား​သော မျက်​ရည်​စများ​အောက်​တွင်​ စီးဝင်​လာ​သော​မေတ္တာဓာတ်​က ကိန်းလျက်​။ မိခင်​အနမ်းသည်​ ကျ​နော့်​ ရင်​၌စမ်း​ပေါက်​သွားခဲ့ပြီ။
                                            
ကျော်​ထင်