Yan Lin Aung ကဗျာ

ရန်လင်းအောင် – လိပ်ပြာ

လိပ်ပြာ
ရန်လင်းအောင်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၈ 

ခိုင်လုံတဲ့ ရနံ့တွေ
ထဲထဲဝင်ဝင်မရှိသေးလည်း
အတောင်ပံတွေ
ဖွင့်မြဲ ပွင့်ဖို့ –
ညှီနံ့တွေနဲ့ ဝေးရာ
ညှော်နံ့တွေနဲ့ ဝေးရာ –
ရှက်သွေးနဲ့
မမြင်သာတဲ့တောင်ပံခတ်လို့ –
ဘယ်လိုနေရောင်ခြည်မျိုးနဲ့
ချန်လှပ်ထားနိုင်မတဲ့လဲ –
မျက်နှာဖုံးများ
သောက်သောက်စားစား
မျက်နှာခွဲစိတ်ပြုပြင်နည်းများ
သွားသွားလာလာ –
ဒီကမ ၻာကိုမွ
ဟိရီသြတ္တပ္ပတက်တူးထိုးပေးချင်တဲ့သူ –

ရန်လင်းအောင်
၂၁.  ၁၁.  ၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts