K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီ မောင်ညိုဝင်း၊ ပန်းချီ တင်လှဝင်းထင်၊ ပန်းချီကျော်သောင်းအပါအ၀င် ပန်းချီဆရာ ၁၁ဦးရဲ့ 8th Travelling Art Exhibition ပန်းချီပြပွဲ


ပန်းချီ မောင်ညိုဝင်း၊ ပန်းချီ တင်လှဝင်းထင်၊ ပန်းချီကျော်သောင်းအပါအ၀င် ပန်းချီဆရာ ၁၁ဦးရဲ့ 8th Travelling Art Exhibition ပန်းချီပြပွဲ
K (မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၈

Artistic Travellersမှ စီစဉ်ကျင်းပပြီး ၈ ကြိမ်မြောက်အဖြစ် Travelling Art Exhibition အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၅ လမ်း (အလယ်) ရှိ MOON Art Gallery မှာ နိုဝင်ဘာ ၂၃ရက် (သောကြာနေ့) မှ ၂၆ရက် (တနင်္လာနေ့) ထိ ပြသသွားမယ်လို့သိရပါတယ်။အဆိုပါပြပွဲမှာ ပန်းချီဆရာ ၁၁ယောက်ရဲ့ပန်းချီလက်ရာများကို တွေ့မြင်ရမှာဖြစ်ပြီး ပန်းချီ မောင်ညိုဝင်း၊ တင်လှဝင်းထင်၊ ကျော်သောင်း၊ မောင်ကျော်ညွန့်အစရှိတဲ့ စာနယ်ဇင်း ပန်းချီဆရာကြီးများရဲ့လက်ရာများအပြင် ခိုင်တင်၊ နီတွတ်၊ မောင်မြင့်လွင်၊ မမွှေး၊ သန့်စင်၊ ဇော်ညွန့်ဖေနှင့် ကိုကိုမြင့်တို့ရဲ့လက်ရာများကိုလည်း ပြသထားမှာဖြစ်ပါတယ်။

ပြပွဲနဲ့ပတ်သက်ပြီး Artistic Travellers မှ “ဤပွဲ၏ ထူးခြားချက်များ အနက် ပထမတစ်ခုမှာ Travellers ပန်းချီဆရာ ၇ ဦး အပြင် ၄င်းတို့၏ သင်ဆရာ မြင်ဆရာများ ဖြစ်ပြီး အစဉ် အလာ ကြီးမားသည့် စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာကြီးများ ဖြစ်ကြသော ဆရာ မောင်ညိုဝင်း၊ ဆရာ တင်လှဝင်းထင်၊ ဆရာ ကျော်သောင်းနှင့် ဆရာ မောင်ကျော်ညွန့်တို့ ပါဝင်လာခြင်း ဖြစ်သည်။ ဒုတိယ ထူးခြားချက်ကတော့ ယခုနောက်ပိုင်း ပန်းချီပြပွဲများတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဆရာ ပန်းချီမောင်ညိုဝင်း ပါဝင် ပြသခြင်းပင် ဖြစ် သည်။ လာရောက် ကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်”လို့ပြောဆိုထားပါတယ်။

အဆိုပါ ၄ရက်ကြာပြသထားမယ့် ပန်းချီပြပွဲကို ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ပြသသွားမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts