ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် ● ဆောင်း …

သစ်ကောင်းအိမ် ● ဆောင်း …
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၈

ခဲနေသောမှောင်ရိပ်များ
လွင့်နေသောမိုးသားများ
မီးလောင်နေသောပန်းခင်းများ
လေ၌ ရေးကွင်းမိသော
မင်းနှုတ်ခမ်းပုံစီးကရက်မီးခိုးများ
အိပ်မွေ့ချထားတဲ့ ခြေင်္သေ့
ဘော့မာလီသီချင်း
ဂျစ်ပစီတီးတဲ့ဂစ်တာ
ခရမ်းပြာရောင်လေသာပြတင်း
အိပ်မပျော်သောအဝေးမြို့မှ
နှင်းဆီပန်းများ
အတူလျှောက်ဖူးသလို စင်္ကြန်လမ်းများ
ကြယ်ကြွေတောအုပ်အလွန်မှာ
လှော်တက်တွေ ကျောနောက်ဖွက်ပြီး
မြစ်ကမ်းဘေးရပ်စောင့်နေတဲ့
တက်စီဒရိုင်ဘာ
မီးရထားဥသြသံတွေဆီကပေါက်ကြားခဲ့တဲ့
သန်းခေါင်ယံအသည်းကွဲမှု
မြေအောက်ပိုက်လှိုင်းတွေဆီက
မြှောက်ပြနေတဲ့ အထီးကျန်မီးအိမ် ပြာနှမ်းနှမ်း တကိုယ်ရည် မီးတောက်
အချိန်ကျရင် သနိ့ရှင်းရေးသမားတွေရောက်လာမယ့်
ငှားရမ်းချိန်စေ့သွားတဲ့ ဟော်တယ်လ်အခန်း
မှန်ထဲက အရိပ်နဲ့ မှန်ပြင်က အရိပ်ကို
ပြန်ပြုစားနေတဲ့ မှန်တင်ခုံတလုံး
အချစ်ဟာ ပန်းလိုပွင့်တဲ့မုန်တိုင်း
မနက်ဖြန်ဟာ ရုပ်ဖျက်ထားတဲ့ သားရဲတွင်း
မျက်နှာပျက်နေတဲ့ မျက်နှာကြက်တွေ
အလင်းကို တရင်း ရောက်လေရာအရပ်က လင်းတ
လင်းနို့ဂူ ဝရန်တာပေါ်က လမျှော်သူ
သွေးမတိတ်တဲ့လပြည့်ညက
(ဒဏ်ရာရသူတွေ စည်းနှောင်ဖို့..)
ပတ်တီးလိုဖြေချပေးနေသော လရောင်များ

(၁၇ နိုဝင်ဘာ ၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts