ကဗျာ မြန်မာပြည်တွင်း

တည်ဘွားဦး – ကိတ်မုန့်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကိတ်မုန့်
တည်ဘွားဦး
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၈

ခင်ဗျားဟာ ကြောင်တကောင်ဆိုပါတော့
ကိတ်မုန့်ကို ဘယ်လိုစားမလဲ
ကိတ်မုန့်ထဲမှာ ငါးတော့မပါဘူးပေါ့
ဒီလိုဆိုပြန်တော့
ကြောင်ဟာ မျက်နှာကျက်ပေါ်လှမ်းလျှောက်ရင်း
အောက်က ကိတ်မုန့်ကိုငေးကြည့်ရင်း
ကြောင်တောင်တောင်စဉ်းစားမိဟန်တူပါရဲ့
ပြီးတော့ အောက်ကို ခုန်ချလိုက်တယ်
ကိတ်မုန့်ကို စောင်ခြုံပေးပြီး
ကြောင်ဟာ စောင်ခြုံထဲ တိုးဝင်သွားပါတော့တယ်
မျက်လှည့်ဆန်ဆန်ပါပဲ
ကိတ်မုန့်ဆရာဟာ
ခြုံထားတဲ့စောင်ကိုဖွင့်ကြည့်လိုက်တယ်
ကြောင်ဟာ ပျောက်ဆုံးသွားပြီး
ကိတ်မုန့်ဟာ ထိုင်၍ ရယ်နေပါတော့တယ်။ 
တည်ဘွားဦး
၁၇ နိုဝင်ဘာ ၂၀၁၈
နံနက် -၀၃း ၂၄ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts