K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီ ကျော်နိုင်ရဲ့ Solo Art Exbibition 2018 ပန်းချီပြပွဲ Ok Art Gallery မှာ ပြသမယ်

 

ပန်းချီ ကျော်နိုင်ရဲ့ Solo Art Exbibition 2018 ပန်းချီပြပွဲ Ok Art Gallery မှာ ပြသမယ်
K (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၈

မန္တလေး အခြေစိုက် ပန်းချီ ကျော်နိုင်ရဲ့ Solo Art Exbibition 2018 ပန်းချီပြပွဲကို ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်းမြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ နိုဝင်ဘာ ၁၀ရက်မှ စတင်ကာ ပြပွဲရက်အတွင်း မနက် ၁၀နာရီကနေ ညနေ ၆ နာရီထိပြသသွားမယ်လို့သိရပါတယ်။အဆိုပါ ပြပွဲမှာ ဆင်ပွဲတော်၊ ခြင်းခတ်ခြင်းအစရှိတဲ့ မြန်မာ့ရိုးရာနဲ့ရှုခင်းများကို ရေးဆွဲထားတဲ့လက်ရာများကို ကြည့်ရှုရမှာဖြစ်ပြီး နိုဝင်ဘာ ၁၄ရက်ထိ ၅ရက်ကြာပြသသွားမှာဖြစ် ပါတယ်။

ပန်းချီကျော်နိုင်ကို အဖ ဦးအေးမောင် အမိ ဒေါ်အုန်းကျင်တို့မှ ၁၉၆၈ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ပန်းချီပညာကို ၁၉၈၂ခုနှစ်မှာ ဦးအောင်သိန်း၊ ဦးသိန်းမောင်(ကြီး) ဦးစန်းလွင်၊ ဦးဘ ထွေးတို့ဆီမှာ သင်ယူခဲ့ပါတယ်။ ပြည်ပပြပွဲများအနေနဲ့ AHAF 2017 (Korea)၊ Art Kaohsiung 2017(Taiwan)၊ AHAF 2018 (Korea)တို့ကို ပြသခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts