K ငြိမ်းချမ်း သတင်းပဒေသာ

ငြိမ်းချမ်းရေးဖိုရမ်အမည်ရှိ နိုင်ငံရေးဆွေးနွေးစကားဝိုင်း နိုဝင်ဘာ ၁၁ ရက်နေ့ပြုလုပ်မယ်

 

ငြိမ်းချမ်းရေးဖိုရမ်အမည်ရှိ နိုင်ငံရေးဆွေးနွေးစကားဝိုင်း နိုဝင်ဘာ ၁၁ ရက်နေ့ပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၈

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES)မှ ဦးစီးကျင်းပပြီး မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာများကို ဆွေးနွေးမည့် ငြိမ်းချမ်းရေးဖိုရမ်တရပ်ကို ရန်ကုန်မြို့တာမွေမြို့နယ်ဖိုးစိန်လမ်း အမှတ်(၁၂)ရှိ Green Hill Hotelမှာ နိုဝင်ဘာ ၁၁ရက် နေ့လယ် ၁နာရီမှ ၄နာရီထိ ကျင်းပပြုလုပ် သွားမယ်လို့သိရပါတယ်။

အဆိုပါဖိုရမ်မှာ ဦးဆောင်ဆွေးနွေးမယ့်သူများကတော့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါ်ခင်မမမျိုး၊ ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာရန်မျိုးသိန်း၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တိြု့ဖစ်ပါတယ်။

လူဦးရေ ၂၀၀သာကန့်သတ်ထားသောကြောင့် အဆိုပါဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးလိုသူများအနေနဲ့ အွန်လိုင်းမှာ ယခုပါ https://goo.gl/forms/g4gZYYwA1QBU1AbA3 လင့်ကို Sign Up ပြုလုပ်ပေးပါရန်လည်း (CDES)မှပြောဆိုထားပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့မှာလည်း (CDES)က ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်တစ်ရပ်ကို မွန်ပြည်နယ် သံဖြူဇရပ် မွန်ဓမ္မာရုံမှာ မနက် ၁၀နာရီမှ နေ့လယ် ၁နာရီထိ ကျင်းပပြု လုပ် သွားမယ်လို့လည်း သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာတော့ ဦးဆောင်ဆွေးနွေးမယ့်သူများကတော့ ၁) ဦးရန်ကျော်၊(၂) နောင်ကျော်၊ (၃) ကိုထွန်မြင့်ကျော်(၄) နိုင်ဟံသာ ဖုန်ခိုင်းတို့ဖြစ်တယ်လို့လည်းသိရပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES)ဟာ ၂၀၁၂ ခုနှစ်မှ ဖွဲ့စည်းခဲ့ပြီး လွတ်လပ်၍ ဘက်မလိုက်တဲ့အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ပြည်ထောင်စုမြန် မာနိုင်ငံအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အသိ ပညာများကို ဖော်ထုတ်မျှဝေပေးလျက်ရှိပြီး ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ သင်တန်းများလည်း ရက်တိုဖွင့်လှစ်ပေးလျက်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts