ကဗျာ

လင်းသစ်​နီ ● ကန္တာရ​ရဲ့ ဆောင်းရာသီ

လင်းသစ်​နီ ● ကန္တာရ​ရဲ့ ဆောင်းရာသီ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈

နာကျင်​မှုဆိုတာ
ပိုလျှံ​နေတဲ့ ​သောကပဲ
မျက်​နှာ​ပေါ်က အပြုံးကို အရသာခံရင်း
နေ့သစ်​တစ်​ခုကို အထူးပြုတယ်

ဗြောင်​ကျကျ​စော်​ကားမှုများ ကားစင်​တင်​ထားလည်း
လေတိုက်​ခပ်​နှုန်း​ပေါ်မှီပြီး
နာဖျား​နေတဲ့ နာရီလက်တံပေါ်မှာ ငြီးငွေ့​​နေရတဲ့
ဖြစ်​ခြင်းပျက်​ခြင်းများ
စွန့်​ပစ်​ထားတဲ့ အ​တွေးအ​ခေါ်​သစ်​​တွေနဲ့ ရှင်​သန်​ရတာ
နောင်​တကမရှိလှဘူး

နှင်း​တွေက​တော့
ညဝတ်​ရည်​တပိုင်းတစနဲ့
ချယ်​ရီပွင့်​​တွေ ​ချောင်းတဟွတ်​ဟွတ်​ ပြုလို့
အဆုတ်​တခြမ်းက
ဝရံတာဘက်​ကို လဲပြိုကျသွား
အားနာလိုက်​တာ

ကျ​နော့်​ စိတ်​နားမှာ ကမ်းကပ်​ခဲ့​သော
အမည်​​ဖော်​မရတဲ့ အသံ​ပေး​ခြောက်​လန့်​မှုဟာ
ဘယ်​သူ့အရိပ်​ရဲ့ စီးဆင်းစိတ်​များလဲ

စိမ့်​ဝင်​​နေတဲ့ သဲကျင်း​လေးရဲ့ ဒုက္ခ​လောင်​စာမှာ
ခရီး​တွေက ပုပြီး
လမ်း​တွေက ရှည်​လျား
ခြေဖျား​ထောက်​ အစပြုရတဲ့ စီးဆင်းမှုဟာ
နှင်း​တွေက ရှုခင်းကို
ဝင်းမှဲ့ဖို့ပါပဲ

ဝင်​လာတဲ့​လေက အဖြစ်​မရှိ​တော့
ထွက်​လာတဲ့​လေကလည်း ​ဆွေး​ဆွေး​မြေ့​မြေ့

ကြယ်​​ကြွေညက မီးအိမ်​ကိုင်​ပြီး
လမင်းကို ​မျှော်​ခဲ့တယ်​။

လင်းသစ်​နီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts