ကဗျာ

မင်းအိမ်ကျော် ● အရူးများနှင့် လမ်းလျှောက်ခြင်း

မင်းအိမ်ကျော် ● အရူးများနှင့် လမ်းလျှောက်ခြင်း
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၈

အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

စိတ္တဗေဒအရ
လူလွန်ဖြစ်ရပ်
လူအဖြစ်ကကျော်လွန်သွားတဲ့ဖြစ်ရပ်
လူနဲ့မတူတော့အောင်နေထိုင်
လူနဲ့ကွဲပြားအောင်စဉ်းစား
လူအဖြစ်ကနေရိုးအီလာလို့
လူလွန်မအဖြစ်ရပ်တည်လိုမှု
ဗမာစကားမှာ
အရူးဆိုတဲ့ဝေါဟာရတစ်လုံးပိုင်ဆိုင်လိုသူ
နှလုံးသားထဲ
အစာရေစာခမ်းခြောက်လောက်အောင်
လူတဦးရဲ့အမြင်ကနေဆန့်ကျင်
ကျနော်ကအရူးတွေနဲ့လမ်းတွဲလျှောက်
အရူးတွေရဲ့မရိုးအီနိုင်အောင် ပြောနေတဲ့စကားလုံးတွေ
သူတို့ရဲ့အရသာရှိရှိ တွန့်ကွေးပျော်မြူးသွားပုံတွေ
တရားဥပဒေကတောင်
သူတို့ရဲ့အနှစ်သာရကို အရူးလက်မှတ်ထုတ်ပေးပြီး
လက်ဖျားခါခဲ့ရတာတွေ မရူးသေးတဲ့အရူးတွေထဲ
ဘယ်လိုရူးပြရမလည်းလို့
လေ့ကျင့်နေတဲ့ဇာတ်ဝင်ခန်းတွေ
သူတို့ဟာလိပ်ပြာတွေလို တဖျတ်ဖျတ်
သူတို့ရဲ့နူးညံ့တဲ့ဝတ်မှုန်တွေ
သူတို့ရဲ့ဦးနှောက်ထဲစိုက်ဝင်နေတဲ့
သူတို့ရဲ့ လိပ်ပြာတောင်ပံတွေ ….။

မင်းအိမ်ကျော်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts