မင်းချောမြင့် ● ကျွတ်တော့မယ့် လ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈
မနက်ဖြန်က စရေ ရမယ်
လပြည့်ညဆိုတော့
ကြည်တော့ ကြည်ညိုရမယ်
သေနတ်ကိုင်ပြီး ကာကွယ်တာနဲ့ လုံလောက်ပါပြီလား
မက်ဆေ့တွေ ဘလော့ထားရုံနဲ့ သတိရမှုကို ထိန်းထားနိုင်ပြီလား
အချိန်မရွေး ကွယ်လွန်နိုင်တယ်
ကမ္ဘာကြီးက လည်ပတ်နေတယ်
ထောင့်ကျဉ်းများဟာ ၉၀ ဒီဂရီအောက်မှာ
အသက်ရှူမှုတွေကို စမ်းသပ်တယ်
ဝယ်ယူနိုင်စွမ်းအားဟာ လျော့ကျလာတယ်
သူစိမ်း တွေကြား သယံဇာတ တွေ ရှားပါးလာ
အသက်လည်း ရှင်အောင် မွေးမြူရတာပဲ
ဆန္ဒတွေ နည်းလာတယ်
ခံစစ်စည်းတွေ ပါးလာတယ်
ပြောကြားသွားကြပြီး ပြီးဆုံးသွားကြတာ
၎င်း လတွေပါပဲ။
မင်းချောမြင့်