ကဗျာ

သင်းရည်လွင် ● ကျွန်တော်ရပ်နေတဲ့မှတ်တိုင်

သင်းရည်လွင် ● ကျွန်တော်ရပ်နေတဲ့မှတ်တိုင်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈

ပေါင်မုန့်အသိုးတွေ
ငါ့ ဝမ်းပူစာတောင်တန်းတွေ
လူထုအုံကြွမှုတွေ
အပျက်တွေ ထမ်းပြန်လာတဲ့ခေတ်ကြီး

ပန်းချီကားလှလှတွေ
ရုပ်ရှင်ပိုစတာကြီးတွေ
ကားပါကင် ကျပ်ကျပ်တွေ
ပန်းခြံထဲက လူတွေ
တယောက်ကိုတယောက်
မမြင်နိုင်အောင် နစ်နေတဲ့လမ်းများ

ရှေးလူတွေ ချွတ်ချထားခဲ့တဲ့
ရေမြောင်းအဟောင်းလို
တချို့ပုတ်သိုးဆွေးမြေ့
ဘာမှမထူးလာဘူးပြောတော့

ဓာတ်ကြိုးပေါ်နားနေတဲ့ငှက်
အမှိုက်သိမ်းကား မျှော်နေသူ
အခွန်ထမ်း ပြည်သူများ
အလင်းရောင် မှုန်ပြပြမနက်ခင်း
မိုးက ရွာချင်သလိုရွာတယ်

ပလက်ဖောင်းဈေးသည်တယောက်
ဒီလို ညည်းသံလေး
ကျွန်တော်ကောက်ယူမိတယ် ။ ။

သင်းရည်လွင်
၁၄၊ ၁၀၊ ၂၀၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts