K ငြိမ်းချမ်း ဓာတ်ပုံသတင်း ဖြစ်ရပ်များ၊ အမှတ်တရများ

တိုင်းပြည်ကို ချစ်ခဲ့ကြသူများ

 

တိုင်းပြည်ကို ချစ်ခဲ့ကြသူများ

K ငြိမ်းချမ်း (မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၈

မြန်မာပြည်တွင် ဘယ်သူသေသေ ငတေမာ ပြီးရော လူတန်းစားကြောင့် တိုင်းပြည်ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမပြရဲအောင်ဖြစ်ခဲ့ကြရပါတယ်။ အဲဒီ အခြားတဖက်မှာတော့ အသက်ရှင်နေစဉ်ကာလအတွင်း ကိုယ်ယုံကြည်ရာကို မမှိတ်မသုန် ကျင့်ကြံနေထိုင်ဖြတ်သန်းရင်း လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးရာရာများကို ချန်လှန်ထားခဲ့ကြသူများ လည်းရှိခဲ့ကြပါတယ်။

သူတို့ကွယ်လွန်သေဆုံးသွားကြသော်လည်း တိုင်းပြည်က လွမ်းကျန်ရစ်ခဲ့ရပါတယ်။ နှစ်ပေါင်းမည်မျှ ကြာပါစေ။ နိုင်ငံရေး၊ ဂီတ၊ ကဗျာ၊ သီချင်း အစရှိသဖြင့် နယ်ပယ်စုံက သူတို့ ဖြတ်သန်းမှုများကို အောက်မေ့တသရင်း တိုင်းပြည်က ကျေးဇူးတင်နေရပါတယ်။ ရေဝေးသုသာန်မှာ ဂူသွင်းမြှုပ်နှံထားတဲ့ နယ်ပယ်စုံက လွမ်းတရတဲ့ လူပုဂ္ဂိုလ်များကို အမှတ်တရ ဖော်ပြလိုက်ရပါတယ်။ (စာရင်းမှာ ပါသူများသာ လွမ်းတရတဲ့သူ သတ်မှတ်တာ မဟုတ်ပေမယ့် တချို့ပုဂ္ဂိုလ်များရဲ့အုတ်ဂူများမှာ ပြုလုပ်ထားခြင်း မရှိခြင်း၊ ရှိပြီးသားအုတ်ဂူကို လည်း ထိန်းသိမ်းစောင့်ရှောက်ရန် ခက်ခဲခြင်းတို့ကြောင့်လား မသိ အတော်ရှာယူနေရလို့ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ရှာဖွေခဲ့သမျှကိုသာ တင်ဆက်ထားခြင်းဖြစ်ပါတယ်။)

၁။ ၀န်ကြီးချုပ်ဟောင်း စာရေးဆရာ ဦးနုနှင့် ဇနီးဒေါ်မြရီ


၂။ သတင်းစာဆရာကြီး ဦးဝင်းတင်

၃။ ဦးအောင်ရွှေ(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဟောင်း)၊ ဗိုလ်မှူးချုပ်ဟောင်း


၎။ ဒါရိုက်တာ ဦးသုခ


၅။ ကဗျာဆရာကြီးတင်မိုး


၆။ လေထီး ဦးအုန်းမောင်


၇။ ဒေါက်တာသာလှ (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း)


၈။ ကဗျာဆရာကြီး မင်းသုဝဏ်


၉။ စာရေးဆရာကြီး ဦးအောင်သင်း


၁၀။ ဂျာနယ်ကျော် ဦးချစ်မောင်+ ဂျာနယ်ကျော် မမလေး

၁၁။ သတင်းစာဆရာ မောင်ဝံသ


၁၂။ တေးရေးဆရာ မောင်သစ်မင်း


၁၃။ ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)


၁၄။ ထူးအိမ်သင် (ထူးအိမ်သင်၏ အုတ်ဂူ ကမ္ပည်း မရှိတော့)


၁၅။ ခိုင်ထူး

၁၆။ စာရေးဆရာကြီး မင်းသိင်္ခ


၁၇။ မြန်မာသံအဆိုတော် မင်းအောင်


၁၈။ စန္ဒရားချစ်ဆွေ


၁၉။ သန်းစိုး(၈၈)


၂၀။ လှမျိုးနောင်(၈၈)


၂၁။ ကိုပါကြီး


၂၂။ အဆိုတော်တာရာ


၂၃။ ဇော်မင်း (၈၈)


၂၄။ မမီးမီး(၈၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts