K ငြိမ်းချမ်း စာအုပ်စင်

နိုင်ဦးရဲ့ခေါင်းဆောင်မှုသေနင်္ဂဗျူဟာ အမည်ရှိ ဘာသာပြန်စာအုပ်သစ်ထွက်ရှိ


နိုင်ဦးရဲ့ခေါင်းဆောင်မှုသေနင်္ဂဗျူဟာ အမည်ရှိ ဘာသာပြန်စာအုပ်သစ်ထွက်ရှိ
K  (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈

စာရေးဆရာနိုင်ဦး ဘာသာပြန်တဲ့ ခေါင်းဆောင်မှု သေနင်္ဂဗျူဟာ ဘာသာပြန်စာအုပ်သစ် ယခုစက်တင်ဘာလကုန်ပိုင်းမှာ ယဉ်မျိုးစာပေကနေ တန်ဖိုး၂၀၀၀ကျပ်နဲ့ထုတ်ဝေထား ပါတယ်။ မူရင်း SUN TZU & MACHIAVELLI စာအုပ်ကို MICHAEL SLOAN ကရေးသားပြီး နိုင်ဦးက ခေါင်းဆောင်မှု သေနင်္ဂဗျူဟာ(ဆွန်ဇူး၏ သေနင်္ဂဗျူဟာကျမ်းနှင့် မာခီယာ ဘယ်လီ၏ မင်းသားကျမ်းတို့ကို အခြေခံသော ခေါင်းဆောင်မှုပညာ)အမည်ဖြင့် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

စာအုပ်မှာ အခန်း(၁၂)ခန်းပါရှိပြီး နိဒါန်း၊ အခန်း(၁) အသိပညာသည် အင်အားဖြစ်သည် အခန်း(၂) စစ်၏အခြေခံအကြောင်းတရား (၅)ခု အခန်း(၃) ဘ၀၏မဟာဗျူဟာများ အခန်း(၄) ဆွန်ဇူး၏ နည်းဗျူဟာများမော်ဒန်ခေတ်တွင် အသုံးချြုခင်း အခန်း(၅ သတိထားရမည့် အမှား(၅)ခု အခန်း(၆) ဆွန်ဇူး၏မော်ဒန်ခေတ်ခေါင်းဆောင်မှုသေနင်္ဂဗျူဟာ အခန်း(၇) အောင်မြင်ခြင်းအကြောင်းတရား(၅)ပါး အခန်း(၈) မာခီယာဘယ်လီနိဒါန်း အခန်း(၉) မာခီယာဘယ်လီ၏သင်ကြားချက် အခန်း(၁၀) မာခီယာဘယ်လီ၏ စီမံခန့်ခွဲမှု အိုင်ဒီယာ အခန်း(၁၁)အာဏာနိုင်ငံရေး၌ ရှင်သန်ခြင်း အခန်း(၁၂)မာခီယာဘယ်လီ၏ ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်း ၊ နိဂုံးတို့ပါဝင်ပါတယ်။

စာအုပ်ရဲ့နိဒါန်းမှာတော့ “နိုင်ငံရေးအာဏာအတွက်ဖြစ်စေ သင့်စီးပွားရေးလုပ်ငန်းနှင့် အလုပ်သမားတွေကို စီမံခန့်ခွဲခြင်း၌ဖြစ်စေ နေ့စဉ်ဘ၀တွင် ကြုံတွေ့နေရသော အတုအ ယောင်အလိမ်အညာတွေကို မြင်ကာမျှ ကြားကာမျှဖြင့် သဘောပေါက်နိုင်ဖို့ဖြစ်စေ အဆိုပါအကြောင်းအရာတို့ကို ကောင်းစွာဖြေရှင်းနိုင်ဖို့အတွက် မာခီဘယ်လီ၏ သင်ကြာချက်ကို လေ့လာဖို့လိုအပ်လေသည်။

သို့ဖြစ် ဘ၀စစ်တလင်းမှ စစ်ပွဲကို အနိုင်တိုက်ကာ အစဉ်ထာဝရတောင်းဆိုခဲ့သော အောင်ပွဲသရဖူကို လက်ဝယ်ပိုင်ဆိုင်ရယူနိုင်ဖို့ သင်ကြားချက်တို့ကို လေ့လာရန် သင့်အနေနှင့် အသင့်အနေအထား ရှိနေသည်ဆိုပါလျှင် ဆွန်ဇုးနှင့်မာခီဘယ်လီ တို့၏ သင်ကြားချက်တို့ကို စတင်လေ့လာကြပါစို့”လို့ ရေးသားထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts