ကဗျာ

စိုးနောင် (မုံရွာ) ● လူယောင်ဆောင်များ

စိုးနောင် (မုံရွာ) ● လူယောင်ဆောင်များ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၈

ကလေးတဖက်နဲ့
တိုက်အမြင့်တွေပေါ်မှာ
အလုပ်လုပ်နိုင်သူ
အို… ရဲရင့်လှတဲ့အမေ
သင်ဟာ
လူယောင်ဆောင်ထားတဲ့ ကျားသစ်ဖြစ်မယ်။

ကလေးတဖက်နဲ့အမေကို
တိုက်အမြင့်တွေပေါ်မှာ
အလုပ်လုပ်ခိုင်းသူ
အို… စာနာခြင်းမဲ့သူရေ
သင်ဟာ
လူယောင်ဆောင်ထားတဲ့မြေခွေးဖြစ်မယ်။

စိုးနောင် (မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts