K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီနေထွန်းရဲ့ INNER MIND အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ လောကနတ်မှာ ပြသနေ



ပန်းချီနေထွန်းရဲ့ INNER MIND အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ လောကနတ်မှာ ပြသနေ
K (မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၈

ပန်းချီဆရာနေထွန်းရဲ့ INNER MIND အမည်ရှိ ၈ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်း(အလယ်ဘလောက်)ပထပ်၊ အမှတ်(၆၂)ရှိ လောကနတ် ဂယ်လာရီမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ ပြသလျက်ရှိပါတယ်။

ပြပွဲမှာ Family၊ Blind girl၊ Affection စသဖြင့် အမည်ပေးထားတဲ့ ရေဆေးပန်းချီကားများကို ခံစားကြည့်ရှုရမှာဖြစ်ပြီး ပြပွဲချိန်အတွင်း မနက် ၉နာရီမှ ညနေ ၅ နာရီထိပြသ လျက်ရှိပါတယ်။

ပန်းချီနေထွန်းကို ၁၉၅၅ခုနှစ် ရန်ကုန်မြို့မှာ အဖ ဦးကျော်ဇံဦး အမိ ဒေါ်တင်နုတို့မှ မွေးဖွားခဲ့ပါတယ်။ ပန်းချီအနုပညာကျောင်းကို ၁၉၇၃ခုနှစ်မှ ၁၉၇၆ထိ သင်ယူခဲ့ပြီး လက် ဦးဆရာများကတော့ ပန်းချီဆရာကြီး ဦးသုခ၊ ဦးဘလုံလေး၊ ဦးလွန်းကြွယ်၊ ဦးဖေသန်းတို့ဖြစ်ပါတယ်။

တကိုယ်တော်ပန်းချီပြပွဲအနေနဲ့ ယခုအကြိမ်ဟာ ၈ကြိမ် မြောက် ဖြစ်ပြီးNAY TUN’ MILESTONES(2009) THE IMAGES Of MOTHER’S Life(2013) 13 LOTUS(2014) MYANMAR Traditional Nats(2015) Beautiful Form(2016) NAY TUN 2017 (2017) MOTIF(2017) တကိုယ်တော်ပန်းချီပြပွဲများ ပြသခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts