မိုးသက်ငြိမ်ဦး ● လျှာတချောင်းရဲ့သံခိပ်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈လမ်းတွေပေါ်လျှောက်သွားနေတဲ့လျှာတွေ
လျှာတွေဟာဆာလောင်နေကြတယ်
ရေပန်းစားနေတဲ့ငြိမ်းချမ်းရေးကိုဆာနေကြတယ်
အရသာတွေ့နေတဲ့ရာထူးအာဏာကို
ဆာနေကြတယ်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈လမ်းတွေပေါ်လျှောက်သွားနေတဲ့လျှာတွေ
လျှာတွေဟာဆာလောင်နေကြတယ်
ရေပန်းစားနေတဲ့ငြိမ်းချမ်းရေးကိုဆာနေကြတယ်
အရသာတွေ့နေတဲ့ရာထူးအာဏာကို
ဆာနေကြတယ်
လျှာတွေဟာ လမ်းတွေပေါ်မှမဟုတ်
အဆောင်ဆောင်သောအခန်းတွေထဲမှာလည်း
လျှောက်သွားနေကြတာပဲ
အရသာလျှာကသိ တယ်
အရသာမရှိတာကိုလဲ လျှာကသိတာပဲ
ချမ်းသာခြင်းဟာအရသာရှိတယ်
ဆင်းရဲခြင်းဟာအရသာမရှိဘူး
ကုဋေကြွယ်သူဌေးတယောက်မှာ လျှာရှိသလို
လူလေလူလွင့်တယောက်မှာလည်း လျှာရှိတယ်
စကားတခွန်းဟာ သိန်းပေါင်းများစွာတန်သလို
စကားတခုကြောင့် အသက်ပေါင်းများစွာ
စတေးရနိုင်တယ်
စကားသံဖြစ်အင်္ဂါထဲမှာ လျှာကအဓိကပဲ
လျှာတွေဟာ မိတ်ဆွေဖြစ်နိုင်သလို
ရန်သူလည်း ဖြစ်သွားနိုင်တာပဲ
လျှာမရှိပဲ
ဘယ်လိုစကားပြောမလဲ ဘယ်လိုအရသာခံမလဲ
ဘယ်လိုလိမ်ညာမလဲ ဘယ်လိုအမိန့်ပေးမလဲ
လျှောက်သွားနေတဲ့လျှာတွေကိုထိန်းသိမ်းဖို့
လျှာပါတဲ့သူတိုင်းမှာ တာဝန်ရှိတယ်
ခင်ဗျားမှာလည်း လျှာရှိတယ်
ကျွန်တော့်မှာလည်း လျှာရှိတယ်
မိုးသက်ငြိမ်ဦး
၈၊ ၉၊ ၂၀၁၈