စာအုပ်စင်

နေရာတကာ ဂျာနယ် အောက်တိုဘာလထုတ် ထွက်ပြီ


နေရာတကာ ဂျာနယ် အောက်တိုဘာလထုတ် ထွက်ပြီ

(မိုးမခစာအုပ်စင်) စက်တင်ဘာ ၂၅၊ ၂၀၁၈

စာပေကဗျာတွေ မြန်မာအမွေ တိုးချဲ့ လာအဆွေ ပျိုးလှည့် ရေးမကုန်ပါရှင့် ဆိုတဲ့ ပင်တိုင်ကဗျာဆရာမ ယဉ်မင်း (ပန်းတောင်း) ရဲ့  နွယ်သာကီသံပြတ် ကဗျာမြတ်နဲ့ အတူ

မြန်မာပြည်အနှံ့ သာမက ထိုင်းနိုင်ငံမဲဆောက် – ရနောင်း။ အမေရိကားအနှံ့ အပါအ၀င် ဂျပန်နိုင်ငံထိ ခြေဆန့် အခမဲ့ဖြန့် တော့မည့် နောက်အပတ် ထွက်မယ့်အောက်တိုဘာ နေရာတကာဂျာနယ်ထဲမှာ…

၁၁နှစ်ကြာ သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးပြီးတဲ့နောက် (အိမ်)ထောင်ကျသွားတဲ့ ဦးဆောင်ဆရာတော်တပါးနဲ့ အင်တာဗျူး။

ရွှေဝါရောင်တော်လှန်ရေးကာလ အမေရိကားအနှံ့  BMW နဲ့ free burma စတစ်ကာကပ်ပီး မြန်မာအရေးကမ္ဘာသိအောင်လုပ်ခဲ့တဲ့ မြန်မာပြည်က ငိုရှိုက်သံနဲ့ ရှစ်ဆယ့်ရှစ်ရဲ့ အလွမ်းဝေဒနာ
တော်လှန်ရေးရုပ်ရှင်ရိုက်ခဲ့တဲ့ ကျောင်းသား ရဲဘော်အစစ်တဦးရဲ့ အတိတ်တဒေသ … …

ဒိုက်ဦးက အပေါင်ခံ လယ်ယာက ပုံစံ (၇) ပေါက်လို့  အရပ်ကူဖို့လုပ်ရတဲ့ သတင်းစာရှင်းလင်းပွဲ….

အမေရိကားက မြန်မာရွာအနီးမှာ ဖမ်းခံထိသွားပီဖြစ်တဲ့ မြန်မာပြည်သား တိုင်းရင်းသား လူငယ်ဖောက်ထွင်းဝိဇ္ဇာများ …

ဆရာကြီးတင်မိုး အမည်ပေးထားတဲ့ ထူးခြားထင်ရှားသူအချိုနှင့် ရှစ်လေးလုံးမျိုးဆက်များ နေထိုင်ရှင်သန်ရာ အမေရိကားက မြန်မာရွာ အထူးစာမျက်နှာများထဲက…

ဒဲ့ဒိုးရဲ့ ဒိုးဒိုးဒေါက်ဒေါက် ဒေါင်ဒေါင်ဒင်ဒင် ( မှတ်ချက်- ဒုံးဒုံးဒိုင်းဒိုင်းတော့ မပါသေးပါဘူးလို့ စာရေးသူက ဆိုပါတယ်)

အယ်ဒီတာနဲ့ စာရေးဆရာ ဘယ်ဟာပိုအရေးကြီးသလဲ ဆိုတဲ့ ဆရာကျော်လင်းနိုင်ရဲ့ သုံးသပ်ချက်။

ဒီလိုသူခိုးမျိုး တို့  အားကိုးသည်ဆိုတဲ့ ဆောင်းပါးနဲ့ ခေါင်းဖြတ်သတ်စေဆိုတဲ့ အယ်ဒီတာအာဘော်အဖြစ် သုံးထားတဲ့ ဆရာမင်းမြတ်မောင်ရဲ့ ထိရှ သွက်လက်တဲ့ ရိုက်ချက်ပြင်းဆောင်းပါးများ…

ဗီယက်နမ်ကိုသာ ရွေးချယ်ခဲ့တဲ့ အမေစုရဲ့ မဟာ ဗျူဟာနဲ့ အမေရိကန်သင်ခန်းစာ

မဖော်ပြရတာကြာပြီဖြစ်တဲ့ စိတ်အမောပြေစရာ ဆရာ သန်၎ကိုရဲ့ ဟာသများ…..

စိန်ဂေါ်လီ မောင်မောင်ကြွက်ရဲ့ ခုတ်ထစ်ဆော်ပြေး မန်းတလေး သရော်စာ….

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြတဲ့ အမေရိကားက လူမှု အတုယူဖွယ်ဘ၀ ဆရာကျော်သူရိန်ထွန်းရဲ့ ဆောင်းပါး ..

ဘကြီးမိုးရဲ့ စဉ်းစားချိန်တန်ပြီ ခရီးသွားဆောင်းပါးနဲ့ ရုပ်ရှင်ဝေဖန်ရေး။ တက်သစ်စ အနုပညာမော်ဒယ်များရဲ့ စကားတချို့  ထောင်ချောက်ဆင်ပီး ထောင်ဖောက် အသွင်ယူသလားလို့ ထင်ရတဲ့ ဘားအံမြို့က Prison
Break နောက်ဆုံးသတင်း၊   မပါမဖြစ်တဲ့ စခန်းမှူးထွန်းရှိန်ရဲ့ ထူးဆန်းထွေလာမှုခင်းပဒေသာများ … စတဲ့ သုတရသ အနု ဗဟု ရတု စုံလှလွန်းလို့  လူတိုင်း အတွက် တခုခုကျန်ရစ်စေဖို့ နေရာတကာကို ဖတ်ဖြစ်အောင် ဖတ်ဖို့ ရယ် …

ယခုထွက်ရှိမယ့် ဂျာနယ်ကစလို့  ရန်ကုန် မြို့ နှင့် အမေရိကားအထိ ကျယ်ကျယ်ပြန့် ပြန့်  ဖြန့် မှာဖြစ်သလို ဂျာနယ်ဦးရေလည်း တိုးမြင့် ရိုက်ထုတ်နေပြီဖြစ်ပါသော်လည်း ပရိသတ်တောင်းဆိုချက်နှင့် စောင်ရေ ကန်
့သတ် တိုးမြင့်သော်လည်း ဖတ်အားမမီ ဘယ်မှာမှ မရောင်းသည်မို့ ဖတ်ချင်သူများအဖို့  အမှာစာအမြန်ပို့ ကြဖို့ အရေး သတိပေး အကြောင်းကြားပေးလိုက်ရပါတယ်လို့ 

(သြော် ဒါနဲ့ နေရာတကာကို အခမဲ့ ကူဆွဲပေးနေတဲ့ မတူညီတဲ့ ကာတွန်းဆရာနှစ်ဦးရဲ့” ခြင်းလုံးလောက်နဲ့ တက်မလာနဲ့ ” ဆိုတဲ့ ခေါင်းစဉ်တခုတည်းအောက်က ကာတွန်း နှစ်ကွက်လဲ ပါသေးပါကြောင်း)

အယ်ဒီတာအဖွဲ့ 

အမေရိကားက စာချစ်သူများထံသို့

အောက်တိုဘာလဆန်းကစတင်ပြီးတော့ အမရိကန်အင်ဒီယားနားပြည်နယ့် မြန်မာရွာ (ဖို့တ်ဝိန်း) မြို့က စာချစ်သူများအနေဖြင့် နေရာတကာဂျာနယ်ကို ဖတ်ရှူအားပေးလိုပါက ဂျာနယ်တစောင် (၄) ဒေါ်လာနှုန်းဖြင့်ဖြင့် လစဉ်မှာယူနိုင်သလို အမေရိကန်ပြည်ထောင်စုအတွင်းအခြားမြို့များက မှာယူလိုသူများအနေဖြင့်လည်း ဂျာနယ် တစောင်လျှင် (၆) ဒေါ်လာနှုန်းဖြင့် Money Order ပို့ပေးကာ
အောက်ပါလိပ်စာအတိုင်း ( ပြည်ပရေးရာ အယ်ဒီတာနှင့် ဖြန့် ချိရေး တာဝန်ခံ လိပ်စာသို့ ပေးပို မှာယူနိုင်ပါသည်ခင်ဗျား။

နေရာတကာဂျာနယ်သည် မြန်မာပြည်အနှံ့ စာကြည့်တိုက်များအပါအ၀င် နယ် စာဖတ်သူများကိုပါ ပို့ဆောင်ခ အကုန်အကျခံရ်ျ စောင်ရေ တစ်ထောင်ကျော် အခဲ့ဖြန့်ချိနေသော ပရဟိတ ဂျာနယ်ဖြစ်ပြီး အမေရိကားသို့သာ ပို့ ဆောင်ခစရိတ်ကြီးမြင့်သဖြင့် အခကြေးငွေ ကောက်ခံပြီး ရရှိသမျ ဂျာနယ်ခများကိုလည်း ပြည်တွင်းတွင် စောင်ရေ တိုးမြင့် ထုတ်ဝေလှူဒါန်းသွားမည်သာဖြစ်သည်။

sawayemg@gmail.com
Aye Thein
1204 Sylvia St. Fort Wayne IN 46816
အယ်ဒီတာအဖွဲ့ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts