ကဗျာ

မောင်ကြူးရင့် ● လူထု

မောင်ကြူးရင့် ● လူထု
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၈

လူထုဟာ
ကျွန်ခေတ်ကို
ဖြတ်သန်းခဲ့ပြီးပြီ

လူထုဟာ
နယ်ချဲ့ခေတ် ဖက်ဆစ်ခေတ်ကို
ဖြတ်သန်းခဲ့ပြီးပြီ

လူထုဟာ
စစ်အာဏာရှင်ခေတ်ကို
ဖြတ်သန်းခဲ့ပြီးပြီ

လူထုဟာ
စစ်အာဏာရှင်က
ကောက်ကျစ်ဖန်တီးတဲ့
အရေးအခင်းပေါင်းစုံကို
ဖြတ်သန်းခဲ့ပြီးပြီ

လူထုဟာ
ဘယ်ခေတ်ရောက်ရောက်
အမှန်တရားကိုမျက်ကွယ်ပြုရင်
ပြောင်းလဲပစ်မှာအမှန်ပဲ

လူထုဟာ
ဘယ်ဟာအမှား
ဘယ်ဟာအမှန်
ခွဲခြားတတ်ခဲ့ပြီ

လူထုရဲ့
အသိရေချိန်ဟာ
မြင့်တက်ခဲ့ပြီ

လူထုဟာ
မကောင်းတဲ့ခေတ်
မကောင်းတဲ့လူ
မကောင်းတဲ့အရာ
အားလုံး အားလုံးကို
ဖယ်ရှားရှင်းလင်းသွားမှာအမှန်ပဲ

လူထုဟာ
ကြယ်ပွင့်သိန်းသန်းလက်မယ့်
လောကအမွန်ကိုတည်ဆောက်သွားအမှန်ပဲ။

မောင်ကြူးရင့်
၃၊ ၈၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts