Poems Yan Lin Aung

Yan Lin Aung – Lights

အလင်းပွင့်
ရန်လင်းအောင်၊ စက်တင်ဘာ ၂၇၊ ၂၀၁၃

အစိမ်းလည်း  စိုစေ
အနီလည်း     ရဲစေ
အ၀ါလည်း    ၀င်းစေ
အပြာလည်း   လွင်စေ
အဖြူလည်း   လက်စေ
ရေတိမ်နစ်သော  အမောက်များ
သင်းခွဲခံရသော အမြီးများ
မနက်ဖြန်သဘက်မရွေ့စေလို
ကိုယ့်အရပ်နဲ့  ကိုယ့်ဇာတ်မှာ
ကိုယ့်လမ်းနဲ့ကိုယ်
ဆူးငြောင့်ခလုတ်များ ကင်းပကြပါစေ ။           ။

                                            


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts