သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ပျော်ပျော်ရွှင်ရွှင် ဆုတောင်း

ပျော်ပျော်ရွှင်ရွှင် ဆုတောင်း
သစ်ကောင်းအိမ်
ဒီဇင်ဘာ ၁၄၊ ၂၀၁၃


မပျော်ရွင်သူကြီးနဲ့တကွ
လုံးစုံးများစွာသတ္တဝါ
(သို့သော်…
သင်တို့မပါ   )
ခေတ်နေနဲ့ကဗျာ
ချမ်းသာကိုယ်စိတ်မြဲပါစေ
မပျော်ရွှင်သူကြီးနဲ့တကွ
လုံးစုံများစွာသတ္တဝါ
(သို့သော်..
သင်တို့မပါ)
ခေတ်နေနဲ့စကားပြေ
ချမ်းသာကိုယ်စိတ်မြဲပါစေ
မပျော်ရွှင်သူကြီးနဲ့တကွ
လုံးစုံများစွာသတ္တဝါ
(သို့သော်…
သင်တို့မပါ)
ခေတ်နေနဲ့ကမ္ဘာမြေ
ချမ်းသာကိုယ်စိတ်မြဲပါစေ

(ဒီဇင်ဘာ၁၃။ ၂၀၁၃)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts