ရှေးအခါကနှင့်မတူ မြန်မာလူမျိုးတို့သည် မင်္ဂလာပွဲအခမ်းအနား ပြုလုပ်ပြီးစီးပြီးသည့်နောက် ဈာပန နာရေးလိုက်ပါပို့ဆောင်ခြင်း၊ နာရေးပို့ဆောင်ပြီးမှ မင်္ဂလာပွဲအား ကျင်းပပြုလုပ်ခြင်း၊ မင်္ဂလာဆောင် ကျင်းပ ချိန်တွင် နာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Foundation များတို့တွင် အလှူငွေ ထည့်ဝင် နိုင်ရန် အလှူခံပုံးများထားရှိ၍ မင်္ဂလာပွဲတွင် ရရှိလာသော အလှူငွေများအား လူမှုရေးအသင်းအဖွဲ့များသို့ လှူဒါန်းခြင်း စသည်တို့အား လေးစားဖွယ် ပြုလုပ်လာကြပါသည်။ ထိုကဲ့သို့သော ပရဟိတ စိတ်ဓါတ်ရှိ သော အမျိုးသမီးငယ်ငယ်တစ်ဦးသည် ၈.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မိမိ၏ မွေးနေ့တွင် အလှူခံရရှိခဲ့သော အလှူငွေများ လာရောက်၍ လှူဒါန်းခဲ့ပါသည်။
၇.၁၂.၂ဝ၁၃ ရက်နေ့တွင် မခိုင်ပြည့်ဘို (ခ) ဂျူးဂျူးသည် သူမ၏ (၃၅) နှစ်ပြည့် မွေးနေ့အလှူ ဖြစ်ပြီး မွေးနေ့တွင် သူမ၏ ဆွေမျိုး၊ မိတ်သင်္ဂဟများအား ဖိတ်စာနှင့်တကွ ဖိတ်ကြားရာတွင် မေတ္တာဖြင့် မွေးနေ့လက်ဆောင်ပေးခြင်းအား လှိုက်လှဲဝမ်းသာစွာလက်ခံကြောင်း၊ မွေးနေ့လက်ဆောင် ပစ္စည်းများ ပေးအပ်၍ ချီးမြှင့်ခြင်းအစား နာရေးကူညီမှုအသင်း၊ သွေးကင်ဆာဝေဒနာရှင်များ စောင့်ရှောက်ရေးအဖွဲ့၊ စမ်းရေ Foundation၊ ရန်ကုန်ကလေးဆေးရုံကြီး ကင်ဆာရောဂါဌာန၊ ရန်ကုန်ကလေးဆေးရုံကြီး အထူး ကြပ်မတ်ကုသဆောင်တို့တွင် အလှူငွေများ ထည့်ဝင်လှူဒါန်း၍ ကုသိုလ်ပါဝင်နိုင်ကြောင်း ထည့်သွင်း ကြေငြာ၍ မွေးနေ့ပွဲပြုလုပ်ခဲ့သည်။ ထို့နောက် ၈.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အမှတ် (၃၉) ဘီ၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်နေ မခိုင်ပြည့်ဘို (ခ) မဂျူးဂျူးမှ အလှူငွေ ၁၁၈၃ဝဝဝိ/- (တစ်ဆယ့်တစ်သိန်းရှစ်သောင်းသုံးထောင်) ကျပ်တိတိအား လှူဒါန်းသွားခဲ့သည်။ မွေးနေ့ပွဲတွင် အလှူငွေ သိန်း (၅ဝ) ကျော်လက်ခံရရှိခဲ့ပြီး ဌာန (၅) ဌာနအား ပြန်လည်လှူဒါန်းခဲ့သည်။