ကဗျာ မြန်မာပြည်တွင်း

နေစိမ့် – စစ်ကြိုခေတ်အသံတိတ် ရုပ်ရှင်

စစ်ကြိုခေတ်အသံတိတ် ရုပ်ရှင်
နေစိမ့်
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၈

မြို့လယ်ကောင်မှာ
ဝံပုလွေအသိုက် ရှိနေတဲ့သတင်း
ပုံပြင်ထဲဖတ်လိုက်ရတယ်။

အပျော်အရွှင်ပျောက်ဆုံးသွားတဲ့အမှုအခင်း
၂၀၀၈ ဥပဒေ မူကြမ်းထဲ
အတည်မပြုရသေး။

တစုတဝေးတည်း

သံပြိုင်တေးဖွဲ့သံစဉ်တွေကြား
အဖျားတာရှည်ခဲ့ရတယ်။

အကျအရှုံးများတဲ့မျက်နှာစာမှာ

လည်စင်းပေးရုံသာ
မရှိသောစကားလုံးများနဲ့။

အချစ်လည်းမရှိ

အမုန်းလည်းမရှိ
ဘုရားသခင်ကို ပေးထားမိတဲ့ကတိ
သံသရာတဆုံး
မျက်နှာပူမိတယ်။

ကာဖကာရဲ့ခုံရုံးမှာ

တရားခံ ဖြစ်ခဲ့တယ် ။ ။ 

၁၁ ၈ ၂၀၁၈

၀၀း၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts