ကဗျာ အောင်ဝေး

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )

 

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )

(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈

စစ်တစ်ခါရှုံး၊ အနှစ်သုံးဆယ်။စစ်တစ်ခါရှုံးရင်
အနှစ်သုံးဆယ် ကြာတယ်
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ပြည်တွင်းစစ်က
အနှစ် ၇၀
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ထပ်မေးမယ်
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ရေ တစ်ခါလောင်း
ပေါင်း တစ်ခါသင်
နာကျင် အနှစ်သုံးဆယ်။

အနှစ်သုံးဆယ် နာကျင်
ပန်းပင်က
အလွမ်းပဲ ရှင်တယ်
အမြစ်က သေနေပြီ။

တစ်ပင်လုံး ပိုးကျ
ညှိုးညှိုး ယောင်းယောင်း
ပြောင်းလဲမှ ရတော့မယ်။

စွန့်လွှတ်သူတို့ အနှစ်သုံးဆယ်
အရိုးတောင်လိုပုံ အနှစ်သုံးဆယ်
ပန်းမပွင့်တဲ့ နွေဦးသုံးဆယ်
နွေဦးသုံးဆယ်။

မတတ်နိုင်ဘူး
လွမ်းရုံနဲ့၊ ပန်း မငုံဘူး
လွမ်းသဖြင့်လည်း၊ ပန်းမပွင့်ဘူး
တူးဆွ နုတ်ပစ်
အသစ် စိုက်ပျိုး
နောက်တစ်မိုး မကုန်ခင်။

အချစ်ရေ …
တို့ တစ်က ပြန်စကြပါစို့
နောက်တစ်မိုး မကုန်ခင်။ ။

ေ အ ာ င္ ေ ၀ း
(သြဂုတ် ၅- ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts