ဓာတ်ပုံသတင်း

Ko Zarganar found sick at home

ကိုဇာဂနာ နာမကျန်းဖြစ်နေ၊ ဖေ့စ်ဘွတ်ဓာတ်ပုံများမှ တဆင့် သိရ

မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၂၇၊ ၂၀၁၃
လွန်ခဲ့သည့် ၂၄ နာရီ၊ သီးလေးသီးအငြိမ့်၏ အကမင်းသမီးတဦးဖြစ်သူ မီးသီး၏ ဖေ့စ်ဘွတ်တွင် တင်ထားသည့် ဓာတ်ပုံများအရ မြန်မာပြည်၏ ပြည်သူချစ်သောအနုပညာရှင် ကိုဇာဂနာ နာမကျန်းဖြစ်ပြီး အိပ်ယာထဲ လဲနေကြောင်း၊ အောက်စီဂျင်ပိုက်နှင့် အသက်ရှုနေကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

နောက် နာရီအနည်းငယ်အကြာတွင် ကိုဇာဂနာ အနည်းငယ် သက်သာကြောင်း၊ ၁၀ ရက်ခန့် အနားယူရန် လိုအပ်သည်ဟု ဆရာဝန်က ပြောသည်ဟု ရေးထားသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ဓာတ်ပုံများတွင် လူနာလာမေးသည့် ကိုဇာဂနာ (ကိုသူရ)၏  မိတ်ဆွေများကို တွေ့ရသည်။ သားဖြစ်သူ မြတ်ကောင်းကိုလည်း နေအိမ်တွင် အတူရှိနေသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts