ဂီတပညာရှင် ကိုရဲလွင် ပြောပြတဲ့ ပန်းရဲ့လမ်း၊ ပြည်တွင်းစစ်၊ မဇ္ဈိမ လစ္ဆ၀ီလေးများ
K ငြိမ်းချမ်း (မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈
၂၀၁၄ခုနှစ် ENVOYဂျာနယ်မှာ အမှုဆောင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့စဉ် ကဗျာဆရာ၊ စာရေးဆရာတွေနဲ့အကြောင်း အရာအလိုက် အင်တာဗျုးများလုပ်ဖြစ်ခဲ့ပါတယ်။ ထို ဆရာ၊ ဆရာမများကတော့ မောင်စိမ်းနီ၊ မောင်မှိုင်းလွင်(အင်းဝ)၊ မောင်တင်သစ်၊ မောင်သိန်းဇော်၊ စန်းဦး၊ အောင်ဇင်မင်း၊ ကိုရဲလွင်၊ သစ္စာနီ၊ မင်းသစ်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဖျာပုံနီလုံဦး၊ မောင်ဒေါင်း၊ ဘုန်းသက်ပိုင်၊ ကောက်နွယ်ကနောင်၊ မောင်သွေးသစ်၊ မိုးဝေး၊ အောင်ဘညိုတို့ဖြစ်ပါတယ်။
အဲဒီဆရာ၊ ဆရာမများထဲမှ ဆရာ မင်းသစ်၊ မောင်စိမ်းနီ၊ ဆရာ အောင်ဘညို၊ ဆရာ ကောက်နွယ်ကနောင်တို့ကတော့ ကွယ်လွန်ခဲ့ကြပါပြီ။
ဆရာ/မများနဲ့ခဏတာ မေးမြန်းခဲ့ရမှုအတွက် ဂုဏ်ယူဝံ့ကြွားဖြစ်ရပြီး အကြောင်းအရာများကလည်း လတ်ဆတ်ဆဲမို့ အခု ဆိုရင် တေးရေးတေးဆိုကြီး ကိုရဲလွင်ဟာ အသည်းရောဂါနဲံ့ပတ်သက်ပြီး ဆေးဝါးကုသမှုခံယူနေရချိန်ဖြစ်ပါတယ်။ ဆေးရုံ နေ့တွေမှာ ကျနော်တို့ရဲ့ကိုရဲလွင်ဟာ ငြိမ်းချမ်းရေး တရားဓမ္မများနဲ့ ကူးဖြတ်ကျော်လွှားနေပါတယ်။ ၂၀၁၄ ခုနှစ်ကလုပ်ခဲ့တဲ့ ဆရာနဲ့အင်တာဗျူးကို မိုးမခ၀ိုင်းတော်သား K ငြိမ်းချမ်းက ပြန်လည်တင်ဆက်လိုက်ပါတယ်။
မေး ။ ။ ဦးရဲလွင် ဦးဆောင်ပြီးတော့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း၊ လူမှုကူညီရေး ကွန်ရက်ဆိုပြီး ဂီတနဲ့ နယ်လှည့် ရန် ပုံငွေ ရှာဖွေပြီး စစ်ဘေးသင့်ပြည်သူများကို အများဆုံးကူညီနေတယ်ပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီး စိတ်ကူးဖြစ်ခဲ့ပုံလေး။ ရည်ရွယ်ချက်လေး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ ပရဟိတ၀ါသနာပါကြတဲ့ လူငယ်တွေနဲ့ပေါ့လေ။ အထူးသဖြင့် ဂီတသမားတွေစုပြီးတော့ ရန်ကုန်မြို့ ပေါ်မှာ ရေရှားပါးသွားတာက စပြီးတော့ပေါ့လေ။
ရေလှူရင်းနဲ့ နောက် ပြည်တွင်းစစ်ပြန်ဖြစ်တဲ့အကြောင်းတွေပေါ့။ အဲဒီဟာ ကို ပြန်ကြားရတဲ့အခါမှာ အလှူငွေခံမယ်။ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်တီးပြီးဆိုမယ်။ ကျနော်တို့ ဘာကြောင့်ဆို တယ်ဆိုတာကို ပြောပြမယ်ပေါ့။ ရန်ပုံငွေ အတွက်ဆိုတာမျိုး ပြောပြတဲ့အခါကျတော့ ပထမစစချင်းတော့ လူတွေလည်း အူကြောင်ကြောင်တော့ ဖြစ်သွားကြတာ ပေါ့လေ။ စစချင်း ဟော်လိုဂစ်တာနဲ့ပဲ ဘာမှ မပါဘူး။ Electronic ဘာမှ မပါဘူး။ ဒီအတိုင်းဆိုကြတာ။ အလှူငွေရလာ တဲ့အခါကျတော့ ကျနော်တို့ပျော်သွားတယ်။ မန္တလေး ဆက်ချိတ်တယ်။ မန္တလေးကနေ ကချင်ပြည်နယ်ရန်ပုံငွေအတွက် လုပ်ရင်းနဲ့ပဲ လှုပ်ရှားမှုများလာတော့ ဒီလိုနဲ့ပစ္စည်းလေးတွေ လိုအပ်တဲ့ အမ်ပလီဖိုင်ရာ လေးတွေဖြည့်ရင်း ၀ိုင်းဝန်းကူညီ ရာက စခဲ့ကြတာပဲ။
မေး ။ ။ အဲဒီလို ဦးရဲလွင်တို့ ဂီတနဲ့နယ်လှည့် ဖျော်ဖြေတဲ့အခါ အခက်အခဲတွေ ဘယ်လိုရှိလဲ ခင်ဗျ။
ဖြေ ။ ။ အခက်အခဲတွေကတော့ ပထမပိုင်းမှာ မတွေ့ရဘူး။ ရှိတဲ့ ပစ္စည်းနဲ့ ပရိသတ်ကြားမှာ တီးဖို့လုပ်ရတာပေါ့။ လက် ဖက်ရည်ဆိုင်တွေက ဘီယာဆိုင်တွေလို မဟုတ်ဘူး။ သီချင်းတွေဘာတွေ နားထောင်နေတာ မဟုတ်ဘူးလေ။ လာစား သောက်တဲ့အချိန်မှာ ဖျော်ဖြေရတာဆိုတော့လေ သီချင်းကလည်း ဘာဆိုလို့ဆိုမှန်း အစကတော့ မသိဘူး။ မိုက်ကရိုဖုန်း မပါတော့ ဘာဆိုလို့ဆိုမှန်း ဘာပြောလို့ ပြောမှန်း မသိကြဘူး။
နောက် ကျနော် ဦးစီးတယ်ဆိုတော့ ကျနော့်ကို မဇ္ဈိမလှိုင်းအနေနဲ့သိကြတာ များတာပေါ့။ အဲဒီအချိန်မှာ မဇ္ဈိမလှိုင်းရဲ့လှုပ် ရှားမှုက နည်းနေတဲ့အခါမှာ မဇ္ဈိမလှိုင်းကို ချစ်တဲ့သူတွေက ကျနော့်ကိုတွေ့ရင် သူတို့သိတယ်။ ပန်းရဲ့လမ်းဆိုတာကလည်း ကျနော်တို့ တချိန်က လုပ်ခဲ့တဲ့သီချင်းပဲ။ Vertical Vibration ဆိုပြီး ရှိတယ်။ အဲဒီသီချင်း အဲဒီနာမည်လေးကို သုံးပြီးတော့ ကျနော်ဦးစီးတယ်ဆိုပြီးတော့ လုပ်လိုက်တာပါပဲ။ ကျန်တာက ပစ္စည်းတွေဝယ်ဖို့ လှူဖို့ကိစ္စတွေ လိုအပ်တာတွေနဲ့ ချိတ် ဆက်ဖို့ကျတော့ သားထွေး လုပ်ပေးတာပေါ့။
အာဏာပိုင်တွေက ဖိအားပေးတာမျိုး ရှိခဲ့ဖူးတယ်။ တီးရင်းတန်းလန်းနဲ့ ကျနော်တို့ကိုတော့ တိုက်ရိုက် မပြောဘူး။ ဆိုင်ရှင် တွေကိုတော့ ပြောတယ်။ ဆိုင်ပိတ်လိုက်ဖို့ ဘာညာ၊ ကျနော်တို့ကိုတော့ တိုက်ရိုက်ဖိအားပေးတာမျိုး မရှိဘူး။ တီးမယ့် နေရာတွေကို လိုက်ပိတ်ဆို့တာတော့ ရှိတာပေါ့။ ဥပမာ- မကွေးမှာ ကျနော်တွေ့တယ်။
ဘယ်ဆိုင်မှာမှ မတီးရဘူးဆိုတော့ သွားရင်းနဲ့ မကွေးကို ဖြတ်တဲ့အခါကျတော့ မကွေးက ဆိုင်တွေမှာ မနားတော့ဘဲ မြို့ထဲ မှာလှည့်ပြီးတော့ သီချင်းတွေဆို တယ်။ အမှန်ကတော့ မုန်းတီးတဲ့သီချင်း မပါပါဘူး။ ငြိမ်းချမ်းတဲ့သီချင်းတွေပဲ ကျနော်တို့ ဆိုတာပါပဲ။ တယောက်ကို တယောက် ကူညီဖို့ သီချင်းတွေဆိုတာပါပဲ။
မြို့လူထုအနေနဲ့ ကျနော်တို့ကို လက်ခံတယ်။ သူတို့ကသာ ဘယ်နေရာမှာ မဆိုရဘူး။ ဘာညာဖြစ်လာတယ်ပေါ့။ ကားပေါ် က ဆိုတီးသွားတော့လည်း သူတို့ဖိအားပေးတာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ကလည်း မေတ္တာနဲ့ပဲ သွားတာလို့ပဲ စဉ်းစား တယ်။
မေး ။ ။ ဦးရဲလွင်တို့ ပန်းရဲ့လမ်းအဖွဲ့ မြို့ပေါင်းများစွာသွားပြီးဖျော်ဖြေတဲ့အခါမှာ လူထုရဲ့အားပေးမှုကိုရတဲ့အခါ ၀မ်းသာ ပီတိလေး( မမေ့နိုင်စရာ ဖြစ်ရပ်လေးများရှိရင်)။
ဖြေ ။ ။ ရှိတော့ ရှိပါတယ်ဗျာ။ မမေ့နိုင်စရာကောင်းတဲ့ဖြစ်ရပ်မျိုးလောက်ထိတော့ မရှိပါဘူး။ ဘာကြောင့်လာတာလဲဆို တဲ့ကိစ္စကို နယ်ခံမြို့ခံတွေက တဦးချင်းကူညီတာထက်ကို အဖွဲ့အစည်းအနေနဲ့ကျတော့ အထူးသဖြင့် NLDက နေရာ မရရင် NLD ရုံးမှာတီးပါ။ လုပ်ပေးမယ်ဆိုတဲ့အခါကျတော့ သူတို့လည်း ဘာမှ ပိတ်ဆို့လို့မရဘူး။ မြို့ခံအိမ်ရှင်တွေက ပျော်တာ ပေါ့။ သီချင်းတွေဆိုတယ်၊ ကကြတယ်။ ပျော်လို့ကကြတာမျိုးပေါ့။ အဲလို ဘာမှ ရုပ်ဆိုးစရာကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီ လို ပျော်ရတဲ့ ပွဲမျိုးလည်း ရှိပါတယ်။
မေး ။ ။ ပြည်တွင်းစစ်ရပ်စဲဖို့ အနုပညာရှင်တယောက်အနေနဲ့ တာဝန်ရှိသူတွေကို ဘာများအကြံပြုချင်ပါလဲ။
ဖြေ ။ ။ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုတာက လက်နက်တွေ မကိုင်ဘဲနဲ့။ တိုင်းပြည်မှာတော့ တိုင်းရင်းသားတွေ များတဲ့အပိုင်း လည်းပါတယ်။ နိုင်ငံရေးဝါဒတွေ ကွဲနေတာလည်း ပါတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အာဏာရှင်စနစ်မရှိဖို့။ ကျနောတို့အနေနဲ့ ကတော့ တချိန်ချိန် ရပ်အောင်လုပ်မယ်လို့တော့ ဇွဲတင်းထားတာပေါ့ဗျာ။ ကျနော်တို့ရှေ့က ပုဂ္ဂိုလ်ကြီးတွေလည်းပဲ ငြိမ်းချမ်းရေး ရအောင်လုပ်ခဲ့ကြတာပဲ။ သခင်ကိုယ်တော်မှိုင်းတို့ အဘမှိုင်းတို့ မရခဲ့ဘူးပေါ့။ ကျနော်တို့လက်ထက်မှာလည်း ဆက်လုပ်ရမှာပဲ။ နှစ်ဖက်စလုံးကိုတော့ မေတ္တာနဲ့ပဲ သွားပါ၊ အားထုတ်ပါလို့ ပြောချင်တယ်။ မေတ္တာနဲ့ပဲ ဖြေရှင်းရမယ်။
မေး ။ ။ ဂီတဖြတ်သန်းမှုလည်ပြန်အနေနဲ့ အမှတ်ရစရာ ပုံရိပ်တွေ ပြောပြပေးပါဦး။
ဖြေ ။ ။ ဟိုးအရင်ကတည်းက ကျနော့်ကို ကျနော် ခံယူထားတာ မဆလလက်ထက်ကတည်းက ကျနော့်သူငယ်ချင်းတွေ မဇ္ဈိမလှိုင်းမဖြစ်လာခင်ကတည်းက လစ္ဆ၀ီလေးများဆိုပြီး ရှိတယ်။
အဲဒီတုန်းကလည်း ကျနော်က သီချင်းရေးတာ နည်း တယ်။ ကျနော့်အုပ်စုထဲမှာ ကျနော်က ရန်ကုန်သားဆိုတော့ ကျန်တဲ့လူတွေက နယ်က လာကြတာဆိုတော့၊ မန္တလေး လာရှိုးတို့ကလာတဲ့လူတွေဆိုတော့ ကျနော်ကပဲ အိမ်ရှင်လုပ် ကျနော့်ဆီမှာနေပြီး စလုပ်ကြတယ်။ ကျနော်က မတရားတဲ့ ဟာဆို မကြိုက်ဘူး။ ဆံပင်ညှပ်တို့ဘာတို့ ဖိနှိပ်ချုပ်ချယ်မှုကို မကြိုက်တော့ မတရားမှုကို တိုက်မယ်ဆိုတဲ့စိတ် ထားတယ်။ ကျနော်က မတရားရင် မခံဘူး။ ကျနော်က မတရားမှုဆို တိုက်မှာပဲ။ အဲလိုဖြစ်လာတဲ့အခါကျတော့ ကျနော်ကိုယ် ကျနော် တော့ တော်လှန်ရေးသမားပဲပေါ့ဗျာ။ ဂီတကတော့ တတ်ကျွမ်းလို့ ကျနော်လုပ်တာပါ။ ကျနော်သူငယ်ချင်းတွေထက်စာရင် အရမ်းကြီး ကျွမ်းကျင်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ သူငယ်ချင်းတွေနဲ့စာရင် အညံ့ဆုံးပဲ။ အဲလို စုပေါင်းပြီး အားထုတ်လာခဲ့ ကြတာ၊ ပန်းရဲ့လမ်း၊ မဇ္ဈိမလှိုင်း အောင်မြင် လာ တယ်ပေါ့။ မဇ္ဈိမလှိုင်းကို လူပိုပြီး သိသွားတာပေါ့။ လစ္ဆ၀ီကတော့ ရှေ့ပိုင်း မဟာဆန်သူ၊ခွန်အား ဖြည့်မိငယ်တို့ဆိုခဲ့တဲ့ အပိုင်း၊ တယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံတဲ့နေရမှာတော့ ညီအကို အရင်းတွေလိုပါပဲ။ တယောက်မရှိ တ ယောက် မဖြစ်ဘူး။ ရေးထားတာ အသစ်မရှိဘူးလားဆိုတော့ ရှိတယ်။ အာဏာပိုင် တွေက ကျနော်တို့ အသစ်တွေကို ဆိုမှာစိုးလို့။ ကျနော်တို့ရေးထားတဲ့ ဖွဲ့ထားတဲ့ဂီတတွေကို သူတို့နားမလည်ဘူး။ အ ဟောင်းတွေပဲပြန်ဆိုပါဆိုပြီး ကွယ် လွန်သူ အဆိုတော်ခင်မောင်တိုးကိ ဖိအားပေးလုပ်ခဲ့တဲ့အပိုင်းတွေ ရှိတယ်။ ခင်မောင်တိုး က အဟောင်းပြန်ဆိုတဲ့ခေတ် ကြီးကို ဖြတ်သန်းခဲ့ရတာပေါ့။
အဲဒီအချိန်မှာ ကျနော်က မတရားမှုတွေနဲ့တွေ့နေရတာ နေ့စဉ်နဲ့အမျှဆိုတော့ ကျနော်လည်းပဲ အာဏာပိုင်တွေကို ၀င်တိုက် တော့တာပဲ။ ကြိုးစားခဲ့တာပါပဲ။
မေး ။ ။ ဦးရဲလွင်က မကြာခဏ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့ဆုံခဲ့ရ စကားပြောခွင့်ရခဲ့တဲ့အနုပညာရှင် တ ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့သီချင်းမျိုး ဖန်တီးဖို့ ရှိ မရှိ။ဖြေ ။ ။ ကျနော့်မွေးနေ့ ၆၅ နှစ်ပြည့်တုန်းက ရေးစပ်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သီချင်းပေါ့။ နာမည်တော့ တပ်မထားဘူး။ DVB ဌာနမှာ လွှင့်သွားတယ်။ ဒါကတော့ ပုဂ္ဂိုလ်ရေးအရလည်း ခင်တယ်ဗျ။ အသက်က ၂ နှစ်ခွဲလောက် ကြီးတယ်ဆိုတော့ ပြောရရင် အပြင်မှာ သူငယ်ချင်းအဆင့်လည်းဖြစ်နိုင်တာပဲ။ သူလည်း ကျနော့် ခင်မင် တဲ့စိတ်ရှိတယ်လို့လည်း မြင်တယ်လေ။ ဒီပဲယင်းပြီးတဲ့နောက် ကျနော့်မိတ်ဆွေသူငယ်ချင်း(ကဗျာဆရာ လှသန်း) ရေးတဲ့ ကဗျာပေါ့။ ကျနော် အသံထည့်ြ့ပီးတော့ဆိုတာ အဲဒါ တပုဒ်တော့ ရှိပါတယ်။ ဆိုနိုင်တဲ့သူတွေရှိရင် ထုတ်ဖို့ခွင့်ပြုထားပါ တယ်။
ပုံစာ-ကိုရဲလွင် (မဇ္ဈိမလှိုင်း) မှ ပန်းရဲ့လမ်း ခေါင်းဆောင်အနေနဲ့  အမှာစကား ပြောကြားနေစဉ် ။ ၁၃၀၀ ပြည့် အရေး တော် ပုံ စိန်ရတုအထိမ်းအမှတ် ၊MCC ခန်း မ ၊၂၂.၁.၂၀၁၄