ကဗျာ

ကမ်လူဝေး ● ဆေးရုံ (၂၂)

ကမ်လူဝေး ● ဆေးရုံ (၂၂)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

ထွက်​ကျလာတဲ့ က​လေးက
ကီလိုတဝက်​ပဲရှိတယ်
အသက်​က​တော့ရှူလို့
ကိုယ်​ဝန်​အနုအရင့်​ကို တွက်​ချက်
သား​လျောလား လမ​စေ့​မွေးလား
စာရွက်​​ပေါ်က စာရင်းဇယား​တွေ
ကီလိုတဝက်​က​လေးက
အချိန်​တန်​​တော့ ​သေမှာပဲ
သေဖို့အချိန်​​ပေး
အမှိုက်​ပုံ​ဘေးမှာ ချထားရမလား
အသက်​ရှူနေ​သေးသ​ရွေ့
လူသားတ​ယောက်​ရသင့်​တဲ့ ​စောင့်​​ရှောက်​မှု
ဆေးရုံကြီး​ပေါ်မှာရဖို့
ဘယ်​သူ​တွေဆီက ​တောင်းဆိုရပါ့မလဲ
ကီလိုတဝက်​ က​လေးဟာ
ဘယ်​​လောက်​​သေး​သေး
လူသားတ​ယောက်​ဖြစ်​ပါ​သေးတယ်
အသက်​ရှူ​နေ​သေးသ​ရွေ့
အသက်​ရှိတဲ့လူသားတ​ယောက်​ ဖြစ်​ပါ​သေးတယ်
ကိုယ်​ချင်းစာတရားနဲ့ရန်​ဖြစ်​ထားတဲ့လူကြီး​တွေဟာ
လူသားဖြစ်​ခြင်းကိစ္စကို ​မေ့​နေကြတယ်
ဝမ်းနည်းစိတ်​မ​ကောင်းစရာကမ္ဘာ။       ။

ကမ်​လူ​ဝေး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts