ကဗျာ

ကလင့်(မန္တလေး) – ကမ္ဘာမကြေ ရှေ့ဆက်တည်မည်


ကလင့်(မန္တလေး)  – ကမ္ဘာမကြေ ရှေ့ဆက်တည်မည်
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၈

ဘ၀ဟင်းလင်းပြင်ထဲ
ညဥ့်နက်တေးသွား ငါ ဖမ်းစားခဲ့
အမေကမွေး ထောင်က ကျွေးတယ်။

လောကလူကြား ထမင်းတစ်နှပ်ရှားပါးတဲ့ခေတ်
အမေကမွေး ထောင်က ကျွေးတယ်။

အပြင်လောက ငါးပါးသီလ ကျိုးပျက်နေလည်း
ပြည်သူအတွက် တော်လှန်အကျဉ်းစံနေရလည်း
အမေကမွေး ထောင်က ကျွေးတယ်။

ပြည်သူ့အသံ ငါ ရွတ်ဆိုခဲ့ ငြိမ်းချမ်းရေးသံ
အမေကမွေး ထောင်က ကျွေးတယ်။

ငါ၏အမည် ရက်ခြောက်ဆယ်ဟု လူတွေပြောလည်း
ဘ၀ ဘ၀သောကများလည်း
အမေကမွေး ထောင်က ကျွေးတယ်။

မတရားမှု ကြီးထွားလာပါစေ
ရဲရင့်ကြွေးကြော် မိုးလုံးညံလိမ့်
အမေကမွေး ထောင်က ကျွေးတယ်။

အမေကမွေး ထောင်က ကျွေး၍
ပြည်သူ့တော်လှန်ရေး ရှေ့ဆက်တည်မည်
အမေကမွေး ထောင်က ကျွေး၍
တော်လှန်ရေးသည် အဓွန့်ရှည်အံ့ ။ ။

(ကဗျာဆရာ ကလင့်(မန္တလေး) ဟာ မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတောင်းဆိုပွဲမှာ ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခဲ့မှုကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂လ ကျခံနေရပါတယ်။ ယခုကဗျာကို သူ့၏ရဲ ဘော်ရဲဘက်များက ရုံးချိန်းထုတ်တွင် ယူဆောင်ပေးလာခြင်းဖြစ်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts