K ငြိမ်းချမ်း သတင်းပဒေသာ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျရဲ့အသက် (၆၀)ပြည့် မွေးနေ့ ပြုလုပ်မယ်


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျရဲ့အသက် (၆၀)ပြည့် မွေးနေ့ ပြုလုပ်မယ်

K (မိုးမခ) ဇွန် ၁၄၊ ၂၀၁၈

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ (ဦး) မင်းဇေယျရဲ့အသက် ၆၀ ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်(တောင်)၊၂၄ ရပ်ကွက် ငုဝါလမ်း အမှတ်၂၃၀ ရှိ နေအိမ်မှာ ဇွန်လ ၁၆ရက် နံနက် ၇ နာရီကနေ ၁၂နာရီထိ ကျင်း ပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ယခုလို မွေးနေ့ပွဲပြုလုပ်ခြင်းဟာ ၎င်းရဲ့ပထမဆုံးပြုလုပ်တဲ့မွေးနေ့အထိမ်းအမှတ်လည်းဖြစ်ပြီး တဆက်တည်းမှာပဲ နေအိမ် မှာ ဘုရားအနေကဇာတင်ပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း အစီအစဉ်များလည်းပါရှိကြောင်းသိရပါတယ်။

မွေးနေ့ပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီးလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ကျနော် အသက်အားဖြင့် ခြောက်ဆယ်ပြည့်ပါ ပြီ။ ဒါပေမယ့် ၂၂ နှစ်သက္ကရာဇ်ဖြိုခံခဲ့ရပါတယ်။ အဲဒီတော့ ကျနော် တကယ့် လူ့ဘဝအသက်ဟာ ၃၈ နှစ်ပါ။ ဘာပဲဖြစ်ဖြစ် အသက် ၆၀ ထိ အသက်ရှင်နေရတာကို ကျေးဇူးတင်လို့ မှတ်မှတ်ရရဖြစ်ချင်လို့ ကိုယ့်ကိုယ်ကိုလည်း ဆင်ခြင်မိစေချင်လို့ ဘဝရဲ့ပထမဆုံးလုပ်တဲ့မွေးနေ့ပွဲပါ။ ကြွရောက်ချီးမြှင့်ရင်း ကုသိုလ်ယူကြပါရန် အထူး ဖိတ်ကြားပါသည်ခင်ဗျား” လို့ ရေး သားထားပါတယ်။

(ဦး) မင်းဇေယျကို ဦးဘရင်၊ ဒေါ်ချစ်ဖွားတို့မှ ဇွန်လ ၁၅ ရက် ၁၉၅၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၈၈အရေးအခင်းမှစပြီး ကျောင်း သားလှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့မှုကြောင့် စစ်အစိုးရများရဲ့နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူတဦးဖြစ်ပါတယ်။

တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့(တ.တ.ဖ)ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (မက သ)ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ကော်မတီ(မကသဖ)ဥက္ကဌတို့အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသားနှင့်အမျိုးသားနိုင်ငံရေးစာတမ်းကို ရေးသားပြီး စစ်အစိုးရသို့တောင်းဆိုဆွေးနွေးခဲ့ပါ တယ်။

၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၆၅နှစ်ထိ ချမှတ် ခံခဲ့ရပြီး ၁၉၈၈ခုနှစ်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသားဘ၀ဖြင့် အင်းစိန်၊ သရက်၊ လားရှိုးထောင်များတွင် ၁၄ နှစ်ကြာ နေ ထိုင်ခဲ့ရပါတယ်။

ယခုအခါတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ဦးဆောင်လှုပ်ရှားပြီး ဒီမိုကရေစီအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့တွင် ဆောင်ရွက်လျက်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts