ဂျုနီယာဝင်း လောကဓာတ်ခန်း

ဂျူနီယာဝင်း – မီးသတ်ဆေးဗူးဆိုတာ

 

ဂျူနီယာဝင်း – မီးသတ်ဆေးဗူးဆိုတာ

(မိုးမခ) ဇွန် ၆၊ ၂၀၁၈

မီးသတ်ဆေးဗူးတွေကို ခုခေတ်မှာ လူတိုင်း မြင်ဖူးကြမှာ ဖြစ်ပါတယ်။ နေအိမ်ခန်းများ၊ ရုံးခန်းများ၊ ဆေးရုံများ စသော နေရာတိုင်းမှာ မီးလောင်လျှင် အလွယ်တကူ မီးငြိမ်းသတ်နိုင်ရန် အသင့်ဆောင်ထားလေ့ ရှိကြပါတယ်။ ရုတ်တရက် မီးလောင်တာမျိုး ကြုံကြရရင် မီးသတ်ကားတွေ မလာခင် မီးသတ်ဗူးနဲ့ ငြိမ်းသတ်တဲ့ အခါ အပျက်အဆီး နည်းနိုင်သမျှ နည်းစေပါတယ်။ ထို့အပြင် မီးကူးစက်မှုကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ အဲသည်လို အသုံးဝင်တဲ့ မီးသတ်ဗူးများကို တီထွင်သူမှာ အင်္ဂလိပ်လူမျိုး ပညာရှင် ဂျော့မန်ဘီ ( George Manby ) ဖြစ်ပြီး ၁၈၁၆ ခုနှစ်က တီထွင်ခဲ့တာ ဖြစ်ပါတယ်။

သူက မီးသတ်ဗူးဒီဇိုင်းကို ရေးဆွဲခဲ့ပြီး သံထည်ဖြင့် ပြုလုပ်ထားသော ဆလင်ဒါပုံသဏ္ဍာန် ရေထည့် အသုံးပြုရသော ပုံစံဖြစ်ပါတယ်။ ထိုဆလင်ဒါထဲက ရေကို လေဖြင့် ဖိအားပေးကာ အပြင်သို့ ပန်းထွက်လာအောင် လုပ်ရပါတယ်။ ၁၉၀၅ ခုနှစ်မှာတော့ ရုရှပညာရှင် အလက်ဇန်ဒါ လောရင့် ( Alexandre Laurent ) က ဓါတုပစ္စည်းများ ထည့်ကာ မီးငြှိးသတ်သော ဒီဇိုင်းကို ပထမဆုံး ထပ်မံဖြည့်စွက်လိုက်ပါတယ်။

ယနေ့ ခေတ်အခါမှာတော့ အသေးစား မီးသတ်ဆေးဗူးများ အထိ ခေတ်မီတိုးတက်လာသည်ကို တွေ့ရှိရပါတယ်။ ပုံတွင် မြင်ရသည်မှာ ယနေ့ခေတ် နောက်ဆုံးပေါ် မီးသတ်ဆေးဗူးများ ဖြစ်ပါတယ်။

စာကိုး ။ ။ စာရေးဆရာမ ဂျူနီယာဝင်း၏ “ဒါတွေသင်သိသလား – ၂၀၁၇ အမေး နှင့်အဖြေ စွယ်စုံကျမ်း” မှ တဆင့် ကူးယူ ဖော်ပြပါတယ်။ ဓါတ်ပုံ မောင်ရန်နောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts