ကဗျာ

စိုးခိုင်ညိန်း  – အဲဒါက မမြင်ကွယ်ရာမှာ ရှိတယ်လို့ ပြောတယ်

than htay maung
 

စိုးခိုင်ညိန်း  – အဲဒါက မမြင်ကွယ်ရာမှာ ရှိတယ်လို့ ပြောတယ်

(မိုးမခ) ဇွန် ၃၊ ၂၀၁၈
မြင်ရတာကတော့ ပျော်စရာချည်းပါပဲ
မြင်ရတဲ့ နေရာအထိ သွားရှာတော့
မြင်ရတာက နောက်တနေရာ ရောက်သွားတယ်
မျက်စိမှိတ်လိုက်ရင် မိုးကုတ်စက်ဝိုင်းအစပ်ကို ရောက်သွားမှာလား
ပင်လယ်ကမ်းခြေရောက်အမှတ်တရတဲ့
အသားကပ်အောင် စိုရွှဲနေတဲ့ အလွှာပါးပါး
အတွင်းသားထဲ အထိ စိုက်ရောက်သွားတယ်
မြင်ရတဲ့ အရသာက ဆီဒိုးနားဟိုတယ် ရေကူးကန်ထဲက ရေရဲ့အအေးဓာတ်ထဲမှာ
အင်းယားကန်ဘောင်က ခုံလေးပေါ်က အထိအတွေ့
ပန်းခြံထဲက သစ်မြစ်ပေါ်မိုးထားတဲ့ ထီးတချောင်းအောက်က အေးမြမှု
မဒမ်တူးဆော့ပြတိုက်ထဲက ဖယောင်းရုပ်တုပေါ်က အပြုံး
နယူးယောက်လမ်းမပေါ်က ခြေလှမ်းကျဲကျဲတွေ
နှင်းရည်စိုရွှဲနေတဲ့ ချယ်ရီပန်းရနံ့
ပါးပေါ်က တင်းနေတဲ့ အရေပြားကို ပြေလျှော့ပျော်ကျသွားဖို့
ဒေါ်လာသန်းပေါင်း ဘယ်လောက်လိုအပ်မလဲ
လိုအပ်သလောက်ရရင်ကော လိုသလောက်ရမှာလား
ရွှေကြောကို ရှာတွေ့လိမ့်မယ် အထင်နဲ့
အက်ကွဲကြောင်းကို ထိုးခွဲလိုက်တော့
မျှော်လင့်မထားတဲ့ အနီရောင်သွေးစက်တွေရဲ့အဆုံးကို ရောက်တယ်
ကွေ့ကွေ့ကောက်ကောက် တထိတ်ထိတ်ခုန်နေတဲ့ သွေးခုန်နှုန်းရပ်သွားတော့မှ
လိုချင်တဲ့အလှတရားနဲ့ ပျော်ရွှင်မှုကို တွေ့ရတော့တယ်။။(27, 5, 2017)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts