ကဗျာ

လူနှင်းချို (မတ္တရာ) ● ​ခြေလက်​များ

လူနှင်းချို (မတ္တရာ) ● ​ခြေလက်​များ
(မိုးမခ) ဇွန် ၁၊ ၂၀၁၈

လက်​နှစ်​ဖက်​ကိုဖြုတ်​ပြီး
ခြေ​ထောက်​​နေရာတပ်​​ထားတဲ့သူ​တွေက
ခြေ​ထောက်​နှစ်​ဖက်​ကိုလည်း
လက်​​နေရာတပ်​ထားကြတယ်

အ​ပြောင်းအလဲက ဆန်းကြယ်

သွားသွားလာလာပါပဲ
ဟန်​ချက်​ညီ​နေတာပါပဲ

တစ်​ခါတရံ​တော့
အမြင်​ရိုင်းတာ​လေး​​​တွေက ဝင်းဝင်းပပ

ခြေ​ထောက်​​တွေနဲ့ လက်​မှတ်​ထိုးပြီး
လက်​​တွေနဲ့ ​ခြေခလိန်​ထိုး​နေကြတယ်​။ ။

ခြေ​ထောက်​​တွေက ​ဘောပင်​မကိုင်​တတ်​ဘူး
ခြေ​ထောက်​​တွေက မိုက်​ကရိုဖုန်းမကိုင်​တတ်​ဘူး
ခြေ​ထောက်​​တွေက သွားကြားမထိုးတတ်​ဘူး
အဆိုးဆုံးက
ေ​​ခြ​ထောက်​​တွေဟာ လက်​မှတ်​မထိုးတတ်​ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts