သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● မဟာဓါတ်အားလိုင်းနဲ့ ဧရာဝတီတိုင်းလျှပ်စစ်

ဇော်အောင် (မုံရွာ) ● မဟာဓါတ်အားလိုင်းနဲ့ ဧရာဝတီတိုင်းလျှပ်စစ်
(မိုးမခ) မေ ၁၆၊ ၂၀၁၈

တရုတ်က ဘင်္ဂလားဒေ့ရှ်ကို မြန်မာကိုဖြတ်သန်းပြီး မဂ္ဂါဝပ် ၁,၅ဝဝ ရောင်းချပြီး၊ မြန်မာက လာအိုထံမှ လျှပ်စစ်ဝယ်ရန်။ ရှမ်း ပြည်နယ်၊ နိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို မဟာဓာတ်အားလိုင်းဖြတ်သန်းပြီး တရုတ်က ဘင်္ဂလားဒေ့ရှ်ကို လျှပ် စစ်မဂ္ဂါဝပ်တွေ ရောင်းချမယ်။ ‘သုံးနိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲကို နေပြည်တော်မှာလုပ်ပြီး မြန်မာတနိုင်ငံလုံးသုံးတဲ့ ဓါတ် အားတဝက်ကို ဖြတ်သန်းသွားမယ် ဆိုပါတယ်။ ဖြတ်သာသွားမယ်၊ မနားတယ် ဓါတ်ငွေနဲ့ရေနံ ပိုက်လိုင်းများ၊ အခု လျှပ် စစ်မဟာဓါတ်အားလိုင်း၊ စဉ်းစားရခက်ပါတယ်။

မြန်မာ-တရုတ်-ဘင်္ဂလား ဒေ့ရှ်သုံးနိုင်ငံကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် သုံးနိုင်ငံ လက်မှတ်ထိုးပါတယ်။ တရုတ်နိုင်ငံမှ အကောင်အထည်ဖော်မည့် One Belt, One Road စီမံကိန်း ဖြစ်ပါတယ်။

လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြန်မာနိုင်ငံသို့ ကန့်လန့်ဖြတ်သန်းပြီး ရှမ်းပြည်နယ် မူဆယ်မြို့မှတဆင့် တရုတ် နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ ပိုင်းလိုင်း နှစ်ခုရှိနေသည်။

● မြန်မာနှင့် လာအို
နှစ်နိုင်ငံကြား လျှပ်စစ်ဓာတ်အား အပြန်အလှန်ဖလှယ်အသုံးပြုနိုင် (လာအိုလျှပ်စစ်ဝယ်ယူရေး) ကို မေ ၂၅ ရက် နေပြည် တော်မှာပြုလုပ်မည်ဖြစ်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးကပြောသည်။ မဂ္ဂါဝပ် မည်ရွေ့မည်မျှ ရောင်း ဝယ်နိုင်မည်၊ တယူနစ်ဈေးနှုန်းမည်မျှဆိုတာကို အစည်းအဝေးမှာ ဆွေးနွေးပါမယ်။ လျှပ်စစ်ကဏ္ဍအ တွက် မြန်မာ-အိန္ဒိယ၊ မြန်မာ- တရုတ်-ဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများနဲ့လည်း နယ်စပ်ဖြတ် ကျော်ဓာတ်အားလိုင်းကိစ္စများ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံက ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အားရောင်းချနေပြီး၊ ၂ဝ၁၇ ဒီဇင်ဘာမှာ မလေး ရှားနိုင်ငံကို ၂ဝဝ မဂ္ဂါဝပ်ရောင်းချခဲ့ပြီး ၂ဝ၂ဝ တွင် စင်ကာပူနိုင်ငံကို လျှပ်စစ်ဓာတ်အား ၁ဝဝ မဂ္ဂါဝပ်ရောင်းချရန် စီစဉ် ထားသည်။ ထိုင်းနိုင်ငံသို့ လျှပ်စစ်တယူနစ် (1kWh) ကန်ဒေါ်လာ ၇ ဆင့် (၉၅ ကျပ်ခန့်)၊ ဗီယက်နမ်နိုင်ငံကို ကန်ဒေါ်လာ ၆ ဆင့် (ကျပ် ၈ဝ ကျော်)၊ စင်ကာပူနိုင်ငံကို တယူနစ် ကန်ဒေါ်လာဆင့် ၂ဝ (ကျပ် ၂၇ဝ ခန့်) နဲ့ ရောင်းချရန်စီစဉ် နေတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၂ ရုံရှိပြီး လျှပ်စစ်ဓာတ်အား ၆,၃၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး၊ မြန်မာ နိုင်ငံကတော့ ၄ဝဝဝ မဂ္ဂါဝပ်လောက်ပဲ ထုတ်နိုင်ပါတယ်။

MYANMAR LNG CCPP PROJECT
ဧရာဝတီတိုင်း မီးလောင်ချိုင့် ၁၃၉ဝ အယ်အင်ဂျီ သဘာဝဓါတ်ငွေရည် လျှပ်စစ်ဓါတ်အားစက်ရုံ ပုသိမ်မြို့ ဒေသထွက်ကုန်ပြပွဲ မှာ လာရောက်ပြသထားပါတယ်။ ဒေသခံများကို အားတက်စေဖို့ တိုင်းအစိုးရက စီစဉ်ပေးပါတယ်။

ရှင်းပြချက်များမှာ
* ဓါတ်ငွေ့ရည် ဂတ်စ်တာဘိုင် (Gas Turbine)
* ကွန်ဘိုင်းဆိုင်ကယ်ပါဝါစက်ရုံ (CCPP Combined Cycle Power Plant)

လောလောဆယ် ပီပီအေ Power Purchase Agreement ဆိုတဲ့ မြန်မာအစိုးရ လျှပ်စစ်ဝယ်ယူမဲ့ ပမာဏ အချိန် ဈေးနှုန်း ညှိနှိုင်းနေဆဲဖြစ်လို မြေတိုင်း လေ့လာတာပဲ လုပ်ရပါသေးတယ်။ ဒေသခံများကျေနပ်အောင် ပညာရည်ချွန်ဆုပေးခြင်း၊ လမ်းတံတားဖောက်ခြင်း၊ စာကြည့်တိုက်ဇရပ်၊ ဘာသာရေးပွဲလမ်းများ၊ ဆိုလာအသေးစားတီဗွီစနစ်များ လုပ်ပေးပါတယ်။

ကုမ္ပဏီ (၃) ခု ပေါင်း သူတို့ပိုက်ဆံနဲ့ရင်းနှီး လုပ်ပါမယ်။

၁။ CCPP ကွန်ဘိုင်းဆိုင်ကယ်ပါဝါစက်ရုံ ဆောက်မဲ့ China Huadian Corporation Ltd ဆိုတာ တရုတ်နိုင်ငံ အကြီးဆုံး ၅ ခု မှာပါဝင်ပြီး အယ်အင်ဂျီ အတွေ့ကြုံများတယ်။ တကမ္ဘာလုံး ၁၄ဝဝဝဝ မဂါဝပ် တည်ဆောက်ပြီးပြီလို့ ဆိုပါတယ်။

၂။ Zhefu Holding Group က ဟောင်ကောင် လျှပ်စစ်နည်းပညာ ကုမ္ပဏီဖြစ်ပါတယ်။ ဝန်ထမ်း ၁၈ဝဝ ကျော်ရှိပါတယ်။

၃။ မြန်မာကုမ္ပဏီ Supreme Group of Company ဖြစ်ပြီး ၂၆ နှစ်ကာလ လျှပ်စစ်စီမံကိန်း ၅ဝ ကျော် အကောင်ထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။

ပြပွဲ ရှင်းပြ လာပြသူများကတော့ နေပြည်တော်ရုံးချုပ်က ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ၃၅ မဂ္ဂါဝပ်ပဲ အသုံးပြုနေလို့ လျှပ် စစ်အနည်းဆုံး စက်မှုလုပ်ငန်းလဲ သိပ်မရှိကြပါဘူး။ ပထမအဆင့် ဂတ်စ်တာဘိုင်နဲ့ ကွန်ဘိုင်းဆိုင်ကယ်ပါဝါစက်ရုံတစုံ တပ် ပြီး ၆ မဂ္ဂါဝပ်ရမယ်။ မြန်မာအစိုးရ လိုအပ်သလို ပီပီအေသဘောတူပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်မှာပါ။

လောလောဆယ်တော့ တရုတ်ကုမ္ပဏီဆိုတော့ ဘာတခုမှ မဆောက်သေး မလုပ်သေးပါဘူး။
သတင်းကြေညာချက်လင့်ခ် https://goo.gl/bzdHR7

MPRL E&P ..OFFSHORE GAS
မိုက်ကယ်မိုးမြင့် ဧရာဝတီတိုင်း ကမ်းလွန်ရေနံ ဓါတ်ငွေ့တွင်း ၃ ခုကလည်း ဓါတ်ငွေ့ထွက်နေပြီဖြစ်ပေမဲ့ ပိုက်လိုင်းဆွဲဖို့ မ လုပ်သေး မရှိသေးပါ။ သူတို့အစီအစဉ်က ၂ဝ၂၃ ကျမှ ဓါတ်ငွေ့ထုတ်ရောင်းမယ်ဆိုပြီး လက်ရှိ ထိုင်းနိုင်ငံကို ရောင်းနေတဲ့ . ရဲတံခွန် ၂ဝ၁၄ မှာ ကုန်စပြုမယ်။ ဇောတိက ၂ဝ၂၁ မှာ ကုန်စပြုမယ်။ ရတနာ ၂ဝ၂၁ မှာ ကုန်စပြုမယ်။ ဒါကြောင့် ၂ဝ၂၁ ကျမှ A-6 gas  ထုတ်ရောင်းမယ်လို့ စီမံကိန်းချထားပါတယ်။ ဓါတ်ငွေ့တူးစင် ဓါတ်ငွေ့ ပိုက်လိုင်း (ကမ်းခြေဆပ်ပလိုင်း ဆိပ် ကမ်းအထိ) နဲ့ (ရတနာ ဓါတ်ငွေ့ပိုက်လိုင်းအထိ) ပိုက်လိုင်း ဆောက်ရပါဦးမယ်။ စုစုပေါင်း ဒေါ်လာ ၆.၂ ဘီလျံ ၅ နှစ်အတွင်း ရင်းနှီးရမယ် ဆိုပါတယ်။ မိုက်ကယ်မိုးမြင့် ဓါတ်ငွေ့တွေကလည်း ထိုင်းနိုင်ငံကိုပဲ ရောင်းဖို့ကြိုးစားနေပါတယ်။ မြန်မာအတွက် တကယ်ရဦးပါ့မလား? ?
သတင်းကြေညာချက်လင့်ခ် https://goo.gl/TvLufU

မဟာဓါတ်အားလိုင်းကတော့ ပုသိမ်ရန်ကုန် ၅ဝဝ ကေဗွီလိုင်း၊ ဧရာဝတီ ဗဟိုကျတဲ့ အသုပ်ဓါတ်အားခွဲရုံက ၂၃ဝ ကေဗွီလိုင်း တို့ ဖြစ်ပါတယ်။ မဟာဓါတ်အားလိုင်းအကြောင်း လေ့လာလိုရင် လင့်ခ် https://goo.gl/G8GVBR

မိုက်ကယ်မိုးမြင့်အဖွဲ့ (ရန်ကုန်) နဲ့ တရုတ် LNG အဖွဲ့ (နေပြည်တော်) ဆီက ကြားရတဲ့အခြေအနေကတော့ အားရစရာ ကောင်းပေမဲ့ ပြပွဲလာကြည့်သူတွေကတော့ စိတ်မဝင်စားကြဘူးနော်တဲ့။ ကိုယ်လုပ်မှ ကိုယ်စားရတယ်ခံယူတဲ့ အလုပ်အ ကိုင်ရှားပါး ဧရာဝတီတိုင်းကတော့ အမြဲနောက်ကျနေမှာပါပဲ။

သုံးသပ်ချက်
၁။ ဘာကြောင့် မြန်မာနိုင်ငံက လိုအပ်နေတဲ့ လျှပ်စစ်ကို အလွယ်တကူရတဲ့ တရုတ်နိုင်ငံက မဝယ်သေးသလဲ။ ကြိုးနီစနစ်တွေ ကြောင့်လား?

၂။ ရေအားလျှပ်စစ် စီမံကိန်းများစွာ တန်းလန်းဖြစ်နေပါတယ်။ စာချုပ်များက တဖက်သတ် (မြစ်ဆုံစီမံကိန်းလို) ဖြစ်နေလို့ ရပ်နားထားမှုတွေ၊ စာချုပ်အသစ်ပြန်ချုပ်ပြီး အမြန်ဆုံးစတင်ဖို့ လိုနေပါတယ်။
.
၃။ ကျောက်မီးသွေးလျှပ်စစ်၊ ပတ်ဝန်းကျင် ကန့်ကွက်မှုကြောင့် တကြောင်း၊ တဖတ်သတ် စာချုပ်များဖြစ်နေလို့ တကြောင်း၊ Clean Coal Technology ကို မနိုင်သေးတာကြောင့်တကြောင်း တန်းလန်းဖြစ်နေတုံးပါပဲ။

၎။ နောက်ဆုံး LNG ဓါတ်ငွေ့ရည် ဈေးကြီးလှပေမဲ့ မတတ်နိုင်၊ စီမံကိန်း စတင်ရပါတယ်။ သို့သော် ပါဝါဂရစ် အစိုးရထံ ရောင်းချဖို့ စာချုပ်နေဆဲ ဖြစ်ပါတယ်။ စီမံကိန်းကို တရုတ်အလုပ်သမားနှင့် ပညာရှင်များဖြင့် လည်ပတ်မည့် သဘောဖြစ်ပါ တယ်။ မြန်မာအလုပ်သမားများကိုမူ ၈ တန်းအောင်အဆင့် ဒေသခံများအား ခေါ်ယူသင်တန်းပေးမည့်ကာလမှာ နောက် ၁ဝ နှစ်ကျော်မှဟု မသဲမကွဲသိရပါတယ်။ LNG ဧရာမဓါတ်အားပေးစက်ရုံများ ရန်ကုန်၊ မြင်းခြံ၊ JICA, World Bank ဓါတ် အားစက်ရုံများ တည်ဆောက်ကတည်းက သင်တန်းကျောင်းများဖြင့် တက်ကနီရှင်များ မွေးထုတ်ပေးရမည်ဖြစ်ပါတယ်။ အလွန်အရေးကြီးတဲ့ သက်မွေးပညာစနစ်ဖြစ်သောကြောင့် မြန်မာပညာရှင် တက်ကနီရှင်များ လေ့ကျင့်သင်ကြားခြင်း ရှိကို ရှိရပါမယ်။ အင်္ဂလိပ်စကားမပြောတတ်သော တရုတ်ပညာရှင်များနဲ့ဆိုရင်တော့ စကားပြန်အားကိုးရန်သာ ရှိပါတယ်။ စာချုပ် များမှာ သင်တန်းပါရမယ်။ ဆောက်နေဆဲ ၃ နှစ်၊ ၄ နှစ် ကာလလုံး သင်တန်းပေးနေဖို့ လိုအပ်ပါတယ်။ အရေးကြီးပါတယ်။

လျှပ်စစ် အသင့်ရှိနေမှ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု လာပါမယ်။ ၂ဝ၁၄ တုန်းက ဆမ်ဆောင်း (ကိုးရီးယား) မြန်မာနိုင်ငံလာဖို့ လျှပ်စစ် မဂ္ဂါဝပ် ၂ဝဝ တောင်းပေမဲ့ မြန်မာများ အပိုမရှိလို့ မပေးနိုင်တော့ ၊ အလုပ်အကိုင်ပေါင်း သောင်းနဲ့ချီ နစ်နာသွားပါတယ်။ အလုပ်အကိုင်ဆိုတာ အစိုးရဝန်ထမ်းလို လူမှုဖူလုံကြေး၊ ခွင့်၊ ဆေးခွင့်များနဲ့ အဆင့်ရှိတဲ့ အလုပ်အကိုင်များ ဖြစ်ပါတယ်။ လျှပ်စစ်အသင့်မရှိရင် မြန်မာများ ကျပမ်းအလုပ် နေ့စားလပေး အလုပ်များနဲ့ပဲ လုပ်နေရပါမယ်။ တောင်ကိုးရီးယားနိုင်ငံက မဂ္ဂါဝပ် တသောင်းကျော် အပိုထုတ်နိုင်ပါတယ်။ မြောက်ကိုးရီးယားနဲ့အဆင်ပြေသွားရင် မြောက်ကိုးရီးယားကို ပေးဖို့ဖြစ်ပါ တယ်။ ဗီယက်နမ်မှာလဲ လျှပ်စစ် မဂ္ဂါဝပ် ၄ သောင်းကျော်ထုတ်နိုင်ပြီး၊ ရင်းနှီးမြှုတ်နှံဖို့ နိုင်ငံခြားကုမဏီလာရင် တပတ်အတွင်း လိုသလောက် ပေးနိုင်ပါတယ်။ ဒါကြောင့် လျှပ်စစ်ရရှိရေးက အလွန်အရေးကြီးပါတယ်။

ဇော်အောင်
၁၃.၅.၂ဝ၁၈

ကိုးကားချက် လျှပ်စစ်လင့်များ (Reading)
* လေအားလျှပ်စစ် www.goo.gl/nmhAAS
* ရေအားလျှပ်စစ် www.goo.gl/DgLYZn
* လျှပ်စစ်တာဘိုင်များ www.goo.gl/GU6S3X
* တရုပ်နည်းပညာ www.goo.gl/BaqZds
* ဓါတ်အားစက်ရုံ.အဂတိ www.goo.gl/H97kfP
* ဂျပန် JICA မြန်မာ www.goo.gl/cQ19Ff
* LNG မြန်မာ၂ဝ၁၈ စီမံကိန်း https://goo.gl/bzdHR7
* MPRL E&P ..OFFSHORE GAS https://goo.gl/TvLufU
* မဟာဓါတ်အားလိုင်းဆိုသည်မှာ https://goo.gl/G8GVBR
* ဇော်အောင်(မုံရွာ) စာအုပ် www.goo.gl/8ye18m


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts