ေ မ ာ င္ ေ မာ် ကွ န်း
ကြောင်အနံ့ကိုလည်း ကြွက်သိတယ် ။
အနံ့ကိုသိကြတာချင်းအတူတူ
အကင်းပါးကြတာကလည်း ဒင်းတို့ချင်း ပညာခန်းပြိုင်တဲ့ထိ ။
ကြောင်ရဲ့အကင်းပါးမှုက သူ့ကိုယ်သူ ယုံကြည်တယ်
ကြောင်ရဲ့အကင်းပါးမှုက ကြွက်ကိုနှိမ်နှင်းဖို့
ကြောင်ပြေးလမ်းက ကြွက်ရှိရင် ရှည်လျားကျယ်ဝန်းတယ်
ကြောင်က သူ့ပြေးလမ်းကို ယုံကြည်မှုနဲ့သတ္တိနဲ့တည်ဆောက်တယ်
ကြောင်ပြေးလမ်းပေါ် ကြွက်လုံးဝမလာရဲပေမယ့်
ကြောင်ရဲ့နေထိုင်မှုပုံစံက အဆင့်မြင့်တယ်ပြောရမယ်
ကြောင်က မွေ့ယာပေါ် ဆိုဖာပေါ် ဒရင်းဘက်ပေါ် ဇိမ်ကျနေချိန်
ကြောင်က ဖန်သားပြင်ရှေ့မှာ ဇာတ်လမ်းတွဲကြည့်နေချိန်
ကြောင်က လူလိုသူလို အဆင့်မြင့်မြင့်နေရသလို
သတိထားမိတာတခုက
ကြောင်ရောကြွက်ပါ အရှက်အကြောက်ကြီးပုံရတယ် ။
သူတို့တွေရဲ့သံဝါသဇာတ်ရှုပ် ရုပ်ဆိုးအကျည်းတန်တာ
တခါဖူးမှလူမြင်ကွင်းမှာမတွေ့ရတာပဲ ။
ကာဣနြေ္ဒကျသ်လစ်သိုသိပ်သလောက်
ကမြင်းတာ ဆော့တာကတော့
ကြောင်မျက်စိနောက်လောက်အောင် ကြွက်ကသောင်းကျန်းတယ် ။
အဲဒီအခါမျိုးဆိုရင်တော့လား
ကြောင်ရဲ့နှိပ်ကွပ်မှုကို အနှီကြွက် ဘဝပေးဆပ်သွားရကာပဲ ။
ပြောရရင်တော့
ကြောင်ကတော့ အဲဒီမိစ္ဆာတွေကို နှိမ်နှင်းတိုက်ထုတ်ရေးပဲ ။
သေချာတာတခုက
ကြောင်ရှိရင် ကြွက်တို့ ငြိမ်တာပါပဲ
ကဲ , ဒါဆိုရင် … ကြောင်မွေးကြရအောင် … … … ။ ။
mmk [ 12.2.18 / 1:55 p.m. ]