ကိုသန်းလွင် နိုင်ငံတကာရေးရာ

ကိုသန်းလွင် – လစ်ဘရယ်ဝါဒ ကျဆုံးချိန်

ကိုသန်းလွင် – လစ်ဘရယ်ဝါဒ ကျဆုံးချိန်
(မိုးမခ) မေ ၁၂၊ ၂၀၁၈

(၁)

လာမည့်တနင်္ဂနွေနေ့ (၈.ဧပြီလ.၂၀၁၈) တွင် ဟန်ဂေရီဝန်ကြီးချုပ် မစ္စတာအော်ဘင် (Mr.Victor Orbin) သည် ဟန်ဂေရီနိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ်စတုတ္တအကြိမ်  အရွေးခံမည်ဖြစ်သည်၊ မစ္စတာအော်ဘင်သည် ဟန်ဂေရီနိုင်ငံ ၏ ဒီမိုကရက်တစ်အသင်းအဖွဲ့များကို အင်အားချိနဲ့အောင် တိုက်ခိုက်ခဲ့သူဖြစ်သည်၊ သူ့ကို စစ်ဆေးနိုင်သော အဟန့်အတားလုပ်နိုင်သော (Check and Balance) အဖွဲ့မှန်သမျှရပ်တည်ခွင့်မရ၊ မီဒီယာများကို လည်း အစိုးရ နှင့် နီးစပ်သည့် ငွေကြေးချမ်းသာသူများ (Oligarch) နှင့် ထိမ်းချုပ်နိုင်အောင် ကျိုးစားသည်။

၂၁ရာစု တောင်းဆိုချက်များကို အမှီလိုက်နိုင်ရန်ဆိုခါ သူ၏နည်းနာများကို ၀ါဒဖြန့်ခဲ့ရာ သူချီတက်ရသည်မှာ (illiberal Democracy) ဖြစ်သည်ဟု ဆိုသည်။

(၂)

ဟန်ဂေရီသည် ဥရောပကောင်စီဝင် နိုင်ငံတစ်ခုဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုလည်း ဖြစ်သည်၊ သို့ပါသော်လည်း ရှစ်နှစ် အုပ်ချုပ်ပြီး နောက် နိုင်ငံသည် ရရှားတို့နှင့် ပို၍ပို၍ တူလာခဲ့သည်။

ဟန်ဂေရီနိုင်ငံကိုသာမက ပိုလန်၊ တူရကီနိုင်ငံတို့ကိုလည်း ဒီမိုကရေစီသည် ပျက်စီးယိုယွင်းစပြု နေပြီဟု ဝေဖန် ကြသည်၊ လစ်ဘရယ်မကျသော ဒီမိုကရေစီ ဆိုသော စကားသည်ဟန်ဂေရီနိုင်ငံ တွင်ခေတ်စား နေသည်ကို မျက်ဝါးထင်ထင်တွေ့နေရသည်၊ အဆိုပါဒီမိုကရေစီနိုင်ငံများအဖို့ တစ်ခုခုတော့ မှားနေပြီဖြစ်သည်၊ သို့သော် ဤဖြစ်ရပ်မှာ မစ္စတာအော်ဘင် လိုပုဂ္ဂိုလ်မျိုးအတွက် ဂုဏ်ယူစရာဖြစ်သည်၊ သူသည်ဒီမိုကရေစီဘက်တော်သား တစ်ယောက်လို ကြွေးကြော်တုံးပင်ဖြစ်သည်၊

၁၉၉၀ခုနှစ်လယ်များရောက်သော် ၁၉၈၀ခုနှစ်များကတည်းက ဥရောပတတိုက်လုံးကို လွှမ်းမိုးနေခဲ့သည့် ဒီမိုကရေစီလမ်းကြောင်းမှာအက်ကြောင်းများ ပေါ်လာကြသည်၊ ရွေးကောက်ပွဲများ ကျင်းပကြ ပါ၏၊ ထိုရွေးကောက်ပွဲ နိုင်သူများက လူနည်းစုအပေါ်အနိုင်ကျင့်ခြင်း လွတ်လပ်သော တရားသူကြီးများကို တိုက်ခိုက်ခြင်း၊ ဂျာနယ်လစ် များကိုထောင်သွင်းအကျဉ်းချခြင်း၊ စသောကိစ္စများကိုပြည်သူ့အကျိုးကို ကာကွယ်ရန်ဆိုကာ လုပ်လာကြသည်၊

လစ်ဘရယ်နှင့် ဒီမိုကရေစီစနစ်အကြားဝယ် ထူးထူးခြားခြား လိုင်းတစ်လိုင်း ပေါ်လာနေသည်၊ Liberalism သည် ဥပဒေ၏စိုးမိုးမှုဟူသော သဘောတရားများပါဝင်နေပြီး၊ ဒီမိုကရေစီက အများ၏ အုပ်ချုပ်ရေး ဖြစ်သည်၊ အများစု၏ထောက်ခံမှုရသောခေါင်းဆောင်ကြီးများက လစ်ဘရယ်မကျသော မူဝါဒများနှင့်အုပ်ချုပ်သောအခါ လူနည်းစုနှင့် နိုင်ငံရေးအရ ရှုံးနိမ့်နေသူတို့မှာ လုံလုံခြုံခြုံနေခွင့်မရကြပေ။

ဟန်ဂရီတွင် ယနေ့ ဖြစ်ပျက်နေသည်တို့မှာ ဥပဒေစိုးမိုးမှုမှာလည်း ခြိမ်းခြောက်ခံနေရသည်၊ ဒီမိုကရေစီ ဆို၍ ဘာအခွင့်အရေးမှမရ၊ လူထု၏စည်းရုံးပိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုပိုင်ခွင့် လွတ်လပ်စွာအဖွဲ့အစည်း ဖွဲ့စည်း ခွင့်တို့မှာလည်း ပိတ်ပင်ခံကြရသည်။

အစိုးရ၏ လုပ်ဆောင်ချက်များကို လွတ်လပ်သော မီဒီယာများမှသိခွင့်လည်း မရှိတော့သဖြင့် အစိုးရဘာလုပ် နေသည် ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိကြရ၊ အစိုးရက မဲပုံးများကို ရွေးချယ်တင်မြောက်ပွဲတွင် မဖွယ်မရာမလုပ်သရွေ့ ဒီမိုကရေစီဟာဒီမိုကရေစီပါဘဲဟုပြောပိုင်ခွင့်တစ်ခုသာရှိပြီး ဒီမိုကရေစီ ကိုယ်တိုင်ကမူ ပျက်စီးနေပြီဖြစ်သည်။

ဝေဖန်သူတို့က အော်ဘင်အစီုးရကို ခြစားနေပါသည်၊ ရုရှားနှင့်ရင်းနှီးလွန်းသည်၊ သူသည် အာဏာရှင်ဆန်ဆန် အုပ်ချုပ်သည်ဆိုသော်လည်း တတိယအကြိမ် အရွေးခံရဘို့မှာသေချာသလောက်ရှိသည်၊ ၂၀၁၁ က အသစ် ထုတ်ပြန်ခဲ့သော မဲပေးသူအုပ်စုမြေပုံမှာ အတိုက်အခံများကို အုပ်စုကွဲစေသည်ဟုဆိုသည်၊ သူသည် ၁၉၉၈ -၂၀၀၂ တွင်လည်း ၀န်ကြီးချုပ် လုပ်ခဲ့ပြီးပြီ၊ ၂၀၁၀ တွင်ထပ်မံရွေးချယ်ခံရခါ ယခုအကြိမ်သည် စတုတ္တအကြိမ်အရွေး ခံရခြင်း ဖြစ်သည်၊

သူသည်လစ်ဘရယ်မကျသော ဒီမိုကရေစီ နိုင်ငံ (Illiberal Democracy) အဖြစ်ဂုဏ်ယူစွာပြောဆိုခဲ့ရာ ရုရှား တို့၏ Sovereign Democrcy နှင့်ဆင်ဆင်တူနေသည်၊ ဤအသုံးအနှုံးမှာ အာဏာရှင်တို့၏ သုံးစွဲပုံပင်ဖြစ်သည်၊ ၁၉၉၈ခုနှစ်က “ရုရှားတွေထွက်သွား” ဟုနိုင်ငံကို အနှစ်၄၀ စိုးမိုးခဲ့သူများကို နှင်ထုတ်ခဲ့ပီး ၂၀၁၀ ပြန်လည် အရွေးခံချိန်တွင် လေသံပြောင်းသွားသည်၊ ရုရှား သမ္မတ ဗလာဒီမီရာပူတင်နှင့် တစ်နှစ်လျင် တစ်ကြိမ် မှန်မှန် တွေ့သည်၊

မစ္စတာအော်ဘင်အနေဖြင့် ထိုမရိုးသားသော အခင်းအကျင်းနှင့် အပြည်ပြည်ဆိုင်ရာ ဝေဖန်မှုများကို ဂရုမစိုက် ဘဲနေလိုကနေနိုင်ပါသည်၊ သူ့လုပ်ရပ်များမှ လစ်ဘရယ်မကျဘူးဟု ဝေဖန်ခံနိုင်ရည်ရှိနေပြီဖြစ်သည်၊ လစ်ဘရယ်ကျသည်ဆိုခြင်းမှာ ပြောဆိုသူ၏ အကြိုက်ကိုလိုက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွဲ့ဆိုနိုင်ကြသည်။

သူသည် ဒီမိုကရေစီကျသော နိုင်ငံများ၏ အလယ်တွင် နေထိုင်သူဖြစ်ပါလျက် ပြင်ပမှပြောင်းရွှေ့လာသူများကို လက်မခံနိုင်ဟုဆိုသည်၊ ဥရောပကောင်စီတစ်ခုလုံးက Immigration ကိုလက်ခံထားပါလျက် သူကပြောင်ပြောင် တင်းတင်းငြင်းပယ်ခဲ့သည်၊ သို့သော် Diversity ရှိမှ တိုင်းပြည်တိုးတက်ဖွံ့ဖြိုး၍ စီးပွားရေးတိုးတက်မည်ဟု ယူဆ နေသော အချိန်တွင် မိမိအမျိုးသားအရေးကြီးသောဝါဒ (Ethnic Nationalist) တစ်ခုအဖြစ် အနောက်နိုင်ငံတို့က လက်မခံနိုင်သော ၀ါဒကို လက်ကိုင်ပြုနေသည်၊

(၃)

ဟန်ဂေရီနိုင်ငံသည် ပျက်စီးယိုယွင်းနေသော ဒီမိုကရေစီနိုင်ငံအဖြစ်မှ ရွေး(ပြီးမှပြန်)ကောက်ပွဲလုပ်သည့် အာဏာရှင်စနစ် ( Electoral Autocracy) အဖြစ်သို့ ပြောင်းလဲတော့မည်ဖြစ်သည်၊ ဤပြောင်းလဲမှုမှာ ၀မ်းနည်းဘွယ် ကောင်းပြီး ကမ္ဘာကြီးက ဘာမှမတတ်နိုင်တော့ပေ၊ ရွေးကောက်ပွဲများကို နောင်တွင်လည်း ကျင်းပကြပါ လိမ့်မည်၊ သို့သော် အာဏာလွှဲပြောင်းပေးရေးသည် မဖြစ်နိုင်တော့ပါ၊ ထို့ကြောင့် ကျင်းပတော့မည့် ရွေးကောက် ပွဲသည် ဥရောပ ကောင်စီ အတွင်းမှာ အာဏာရှင်နိုင်ငံရှိ မရှိဟူသောအငြင်းပွားမှုကို တိုးလာစရာအကြောင်းရှိပါသည် သူတို့သည် မိမိကိုယ်မိမိ “ဒီမိုကရေစီကလပ်” တခုသဘွယ် ပြုမူနေကြပါသည်။

ကိုသန်းလွင်
Ref: The Trouble with Illiberal Democracy by Jan Waener Muller New York Times April 6 Friday 2018
Photo – https://www.economist.com/news/europe/21620246-criticised-abroad-viktor-orban-going-strength-strength-home-orban-unstoppable


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts