K ငြိမ်းချမ်း စာအုပ်စင်

ဒေါက်တာလှဘေရဲ့အတွေးအမြင်စာအုပ် တတိယအကြိမ် ထုတ်ဝေ

ဒေါက်တာလှဘေရဲ့အတွေးအမြင်စာအုပ် တတိယအကြိမ် ထုတ်ဝေ
K (မိုးမခ) မေ ၅၊ ၂၀၁၈

စာရေးဆရာကြီးဒေါက်တာလှဘေရဲ့ပညာပါရမီနှင့် အတွေးအမြင်စာစု စာအုပ်ကို ရာပြည့်စာအုပ်တိုက်ကနေ တတိယအကြိမ်မြောက် ထွက်ရှိလာပါတယ်။

ပါဝင်တဲ့ဆောင်းပါးများကတော့ –
၁။ ဆရာ့ထက် လက်စောင်းထက်သော တပည့်နှင့် ကျွန်တော်၏အတွေး အမြင်၊
၂။ ပုထုဇဉ်သားဟူသမျှ မှားမည်သာ။ သို့သော်
၃။ ဦးချိန်၏မော်ကွန်းသဒ္ဒါ ဗျူပ္ပတ် အဓိပ္ပာယ်နှင့် ကျွန်တော့် အတွေ့အမြင်၊ အတွေးအမြင်၊
၎။ ဂျဲလ်ထလ်မဲန်း၊ လေဲးဒီနှင့် မေတ္တာတရား
၅။ ဆရာဝန်များနှင့် ဇိဝိတ ၀ိနယ
၆။ အိမ်ရှင်မများနှင့် ကလျာဏ ၀ိနယ
၇။ ဒီဂရီဘွဲ့ (၁) တက္ကသိုလ်ခံယူချက်
၈။ ဒီဂရီဘွဲ့ (၂) ပြင်ပခံယူချက်
၉။ ပါရမီ နှင့်ဆရာ (၁)၊ ပါရမီ
၁၀။ ပါရမီနှင့် ဆရာ (၂) ဆရာ
၁၁။ မော်ကွန်းသုတေသန
၁၂။ ပညာပါရမီ ဖြည့်ကြပါ
၁၃။ ဦးကုလား ပမာဒလေခ အရေးအသားနှင့် ကျွန်တော့်အတွေ့အမြင်၊ အတွေးအမြင်
၁၄။ ကံထမ်းလာသည်ကို မမြင်ရ (၁) ကျောင်းသားဘ၀ ၁၉၃၉ခုနှင့် ဆရာ့ဘ၀ (၁) ၁၉၅၃ ခု
၁၅။ ကံထမ်းလာသည်ကို မမြင်ရ (၂) ဆရာ့ဘ၀ (၂) ၁၉၆၂ခု၊
၁၆။ ကံထမ်းလာသည်ကို မမြင်ရ (၃) ဆရာ့ဘ၀ (၃) ၁၉၆၄ခု၊
၁၇။ ကံထမ်းလာသည်ကို မမြင်ရ( ၄) ဆရာ့ဘ၀ (၄) ၁၉၆၅ခု၊
၁၈။ ကံထမ်းလာသည်ကို မမြင်ရ (၅) ဆရာ့ဘ၀ (၅) ၁၉၆၇ခု နှင့် ဆရာ့ ဘ၀ (၆) ၁၉၇၀ပြည့်နှစ်
၁၉။ ကံထမ်းလာသည်ကို မမြင်ရ (၅) ဆရာ့ဘ၀ (၇) ၁၉၇၁ခု၊
၂၀။ ကံထမ်းလာသည်ကို မမြင်ရ (၆) ဆရာ့ဘ၀ (၈) ၁၉၇၃ခု၊
၂၁။ ကံထမ်းလာသည်ကို မမြင်ရ (၇) ဆရာ့ဘ၀ (၉) ၁၉၆၂ခု၊
၂၂။ ကံထမ်းလာသည်ကို မမြင်ရ (၈) ပင်စင်စားဘ၀ ၁၉၈၄ခု၊ တို့ပါဝင်ပါတယ်။

ဆရာကြီးဒေါက်တာလှဘေ ကျောင်းသားဘ၀၊ ဆရာဘ၀နဲ့ ပညာပါရမီဖြည့်ဆည်းခဲ့ပုံ၊ နိုင်ငံရပ်ခြား အတွေ့အကြုံ များကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဆန်ဆန် ရေးသားထားပါတယ်။ ယခုစာအုပ်ကို ၁၉၉၃၊ ၁၉၉၅ ခုနှစ်တွေမှာ ဒေါင်းစာပေက ထုတ်ဝေခဲ့ဖူးပါတယ်။

ဆရာကြီးဒေါက်တာလှဘေ ရေးသားပြုစုထုတ်ဝေခဲ့တဲ့ စာအုပ်များကတော့
မြန်မာဘာသာဖြင့် မြန်မာစာပေ ဧည့်ခံစာတမ်း(၁၉၆၆)၊
ပညာပါရမီနှင့် ဒေါက်တာလှဘေ၏ အတွေးအမြင်စာစု (၁၉၉၃)၊
ဝိရိယကိုထူ ဥာဏ်နှင့်ချု ကံက ဖေးမသူ (၂၀၀၁)၊
အတွေ့အကြုံ အဆုံအမြင်နှင့် အတွေးအမြင်(၂၀၀၂)၊
တရုတ်နိုင်ငံသွား နေ့စဉ်မှတ်စာတမ်း(၂၀၀၃)၊
အင်္ဂလိပ်ဘာသာဖြင့် ဦးပုတ်နီ၏ ကုမ္မာရပြဇာတ် (ပထမတွဲ) ၁၉၅၂၊
မြန်မာစကားပြော လက်စွဲ (ပူး တွဲ-ရေး ) ၁၉၅၅၊
မြန်မာစကားပုံများ (၁၉၆၂)၊
မြန်မာ – အင်္ဂလိပ် အဘိဓာန် (အပိုင်း -၂ မှ ၆အထိ) ၁၉၄၁-၁၉၈၁၊
မြန်မာနိုင်ငံ (၁၉၈၅) တို့ဖြစ်ပါတယ်။

စာပေပညာရှင် ဒေါက်တာလှဘေဟာ ၂၀၀၇၊ ဇူလိုင်လ ၃၁ရက်နေ့ အသက် (၉၈) နှစ် အရွယ်မှာ မော်လမြိုင်မြို့၌ ကွယ်လွန်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts