သတင်းပဒေသာ ဟံသာဝတီ ဦးဝင်းတင်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်မည်


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်မည်

K ငြိမ်းချမ်း (မိုးမခ) ဧပြီ ၂၁၊ ၂၀၁၈

သတင်းစာဆရာ၊စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဧပြီလ၂၁ရက်နေ့ တွင် မန္တလေးမြို့တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်း သူဌေးဘုရားပြင်တွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မန္တလေးမြို့ရှိ ဇာတိမာန်စာဖတ်အသင်းနှင့်နီုင်ငံရေးလောက စာပေလောကမှ ဆရာကြီး ကိုချစ်ခင်ကြသူများက ဦးဆောင်ကျင်းပကြ ခြင်းဖြစ်ပြီး နောက်လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွား မှာဖြစ်ကြောင်း ဇာတိမာန်စာဖတ်အသင်းဝင်တစ်ဦးဖြစ်သူ နောင်(ရူပ)က ပြောကြားသည်။

ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍လည်း သတင်းစာဆရာတစ်ဦးဖြစ်သူ နောင်(ရူပ)က “ ကျနော်တို့က အဓိကအား ဖြင့် ပေါ့၊ ကိုယ်ကလည်းသတင်းစာဆရာတစ်ဦးဖြစ်တယ်။ ဆရာကြီးလို ပြည်သူ့ကို မားမားမတ်မတ်ရပ်တည်ပြီး အလင်းရောင် ပေးခဲ့တဲ့ သတင်းစာဆရာကို ဘယ်တော့မှ မမေ့ဘူး ဆိုတဲ့ သံဓိဌာန်နဲ့အမှတ်တရပွဲတွေကို ဆရာကြီး ဆုံးပါးသွားတဲ့ရက်မှာ ကျင်းပလာတာ၎နှစ်ရှိပါပြီ။ နောက်နှစ်တွေမှာလည် ကျင်းပဖို့ရှိပါတယ်။အဓိကကတော့ ဆရာကြီးသတင်းစာအပေါ် မှာထားခဲ့တဲ့ စေတနာတွေပြည်သူပေါ် ထားခဲ့တဲ့စေတနာ တွေကို အောက်မေ့သတိရ တန်ဖိုးထားပြီး ဦးဝင်းတင် စိတ်ဓာတ် အဓွန့်ရှည်အောင် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်”လို့ပြောသည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ခု မတ်လ၁၂ရက်နေ့ တွင်ကြို့ပင်ကောက်မြို့နယ်အဖ ဦးပု အမိ ဒေါ်မာတို့က မွေးဖွားခဲ့ပြီး ၁၉၅၄ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ(၀ိဇ္ဖာဘွဲ့)ရရှိခဲ့သည်။ သတင်းစာလောကတွင် ပြည်သူ့အိုးဝေ၊ ကြေးမုံသတင်းစာတို့၏အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မန္တလေးမြို့တွင်အခြေစိုက်ကာ ဟံသာ ၀တီသတင်းစာကို အယ်ဒီတာချုပ်အဖြစ် ကိုယ်တိုင်ထုတ်ဝေခဲ့သည်။

၁၉၇၈ခုနှစ်တွင် ဟံသာဝတီသတင်းစာ ပိတ်သိမ်းခံခဲ့ရပြီး ကလောင်ပိတ်သိမ်းခံရ ၁၉၈၈ လူထုအရေးအခင်းကြီး ဖြစ် ပွားပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ မှ ၂၀၁၀ထိ အင်းစိန် အ ကျဉ်းထောင်တွင် အကျဉ်းချခံခဲ့ရသည်။

ဟံသာဝတီဦးဝင်းတင်ရေးသားခဲ့သော ကွီ(ဘာသာပြန်) ၊ဘာလဲဟဲ့ လူငရဲအစရှိသောစာအုပ်များမှာ အထူးကျော်ကြားလှပြီး ပေါ်သစ် ကလောင်အမည်ဖြင့်လည်း ပန်းချီနှင့်ပတ်သက်သည့်စာအုပ်ကို ရေးသားခဲ့သည်။ မတရားတဲ့အမိန့် အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြ ဆိုသည့်စကားမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ထင်ရှားသည့်စကား တစ်ခွန်းဖြစ်ခဲ့သည်။

နိုင်ငံတကာမှ ဆုတံဆိပ်များလည်း ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံတွင် လမ်းတစ်လမ်းကို ၀င်းတင်လမ်းအဖြစ် ဂုဏ်ပြုမှည့်ခေါ် ထားသည်။ ဦးဝင်းတင်ဖောင်ဒေရှင်းအမည်ဖြင့်လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဂုဏ်ပြုလုပ်ဆောင်လျက်ရှိသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်သည် ကွယ်လွန်ချိန်ထိ ထောင်တွင်းအ၀တ်အစားကို ၀တ်ဆင်ခဲ့ပြီး ၂၀၁၄ ဧပြီ၂၁ရက် နံနက်၆နာရီတွင် အသက်၈၅နှစ်အရွယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၄နှစ်ပြည့် အထိမ်းအမှတ်ေ အာက်မေ့ဘွယ် အခမ်းအနားများကို ရန်ကုန်၊မန္တလေးအစရှိတဲ့မြို့ကြီးများတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(လက်ခံရရှိထားတဲ့ အခမ်းအနားဖိတ်ကြားလွှာများ)

 

ရန်ကုန်မြို့မှာ ကျင်းပမည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts