ကဗျာ တင်မိုး

တင်မိုး ● အဆာမပြေ

 တင်မိုး ● အဆာမပြေ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၈

ကိုယ့်စကားကိုမှ
ကိုယ်အားရတယ်။

ကိုယ့်စကားကမှ
ကိုယ့်ခံစားမှုကို
ကိုယ်စားပြုနိုင်တယ်။

သူ့စကားကျတော့
လျှာယားပြီး လျှာမလည်
ဘာရယ် ညာရယ် မသိ
အဟိ … အဟိ … နဲ့ ဂလိထိုးခံရသလို
အိုးတိုးအမ်းတမ်း ဖြစ်တယ်။

အစားဆာတာထက်
စကားဆာတာ ခံရခက်ပါဘိ။

ချဉ်ခြင်းမပြေ
ဇဝေဇဝါနဲ့ မျိုချရတော့
အလိုမျကျ မျိုးမကျဖြစ်ရတာပ။
ဟိုက … ဟိုလို … ဘာကလိုလို …။

တင်မိုး
၂၉၊ ၈၊ ၂၀၀၁
ဗုဒ္ဓဟူး ညနေခင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts