Uncategorized

Thaw Moe Thit – Poem

အဖြစ်အပျက်
သော်မိုးသစ်
စက်တင်ဘာ ၃၀၊ ၂၀၁၃


အသိတချက်မှမလွတ်စေနဲ့ 
ကွန်ယက်တွေနဲ့ရှုပ်ရှက်ခက်နေတဲ့ ကမ္ဘာကြီးထဲ မှာ 
မွန်းကျပ်မှုတွေသာ မြန်နှုန်းမြင့်တက်လာပြီ 
ဆာလောင်မှုနဲနဲ ချဉ်ခြင်းတပ်အာသာနည်းနည်း 
ရမ္မက်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ 
အရက်ခိုးဝေနေတဲ့ မျက်လုံးတွေ 
ဘယ်ဟာပိုကြောက်စရာကောင်းလဲ 
စီးပွားဖြစ် အမှန်တရားစိုက်ခင်းတွေ တောထလာပြီ။ 
လေးမြတ်ဖွယ်ရာတရားမှာ ကိုယိ့ကိုကိုယ်နှစ်မြှုပ်ထား 
အသံမထွက်ရဘူး… 
မျက်နှာထိ မျက်နှာထားနဲ့တောင် မပြရဘူး… 
ရေငုံမထားခိုင်းလည်း ဗီဇသိလို စိတ်မျိုးနဲ့ နှုတ်ပိတ်ထားတတ်ရတယ် 
ညောင်သီးတွေအကုန် ကြွေကုန်လည်း 
လေးသံက မစဲနိုင်သေးဘူး 
အစောကြီးရှိသေးတာလည်း ညီအကိုက မသိချင်တော့ဘူး။ 
ခေတ်ကိုက သံခင်းတမန်ခင်းကိုပဲ ပိုတောင်းတနေတာ… 
ခေတ်ကိုက အချိုကိုပဲ ကြိုက်နေတော့တာ… 
ခေတ်ကိုက သဲသဲလှုပ်ဇာတ်အိမ်ဖွဲ့ပြ ချင်နေတာ… 
ခေတ်ကိုက ထစ်ခနဲရှိ စိတ်ကောက် ပြချင်နေတာ 
ခေတ်ကိုက ပေါ့ပေါ့ပါးပါးနဲ့လည်း စိတ်နာပြချင် ပြတတ်နေတာ… 
အဲဒီ ခေတ်ကိုက တက်တူးတွေ တခုပြီး တခု ထပ်ထပ်တင်ရင်း သိပ်ဟုတ်နေပြီလို့ ကိုယ့်ကိုကိုယ် ထင်နေတတ်တာ… 
အစောဆုံးစိတ်နဲ့ ဘယ်လောက် အိမ်ပြန်ပြန် 
ကြပ်ပိတ်သိပ်နေတဲ့ လမ်းမတွေပေါ်က ဆင်ခြင်ညဏ်ဟာ 
နောက်အကျဆုံးမှ ရောက်လာတတ်နေပြီ… 
ဆိုတော့… 

မနက်ဖြန်မှထပ်ပြောမယ့်ဟာကလည်း တက်တူးအသစ်တွေအကြောင်းတွေပါပဲ….။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts