ကဗျာ

ကိုအောင်မှိုင်း ● ပြဿနာတွေ အကြီးကြီးရှိနေတယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကိုအောင်မှိုင်း ● ပြဿနာတွေ အကြီးကြီးရှိနေတယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

လူမျိုးရေးဝါဒနဲ့
လူမျိုးစုံဝါဒကြားမှာ
ပြဿနာတွေအကြီးကြီးရှိနေတယ်
ကျွန်ခေတ်က အတိုင်းဘဲ။

သိပ်ချမ်းသာတဲ့လူတွေနဲ့
သိပ်ဆင်းရဲတဲ့လူတွေကြားမှာ
ပြဿနာတွေ အကြီးကြီးရှိနေတယ်
ကျွန်ခေတ်က အတိုင်းဘဲ။

သိတ်ချမ်းသာတဲ့ဗိုလ်ချုပ်တွေနဲ့
စုတ်ပြတ်သတ်နေတဲ့ စစ်သားတွေကြားမှာ
ပြဿနာတွေ အကြီးကြီးရှိနေတယ်
ကျွန်ခေတ်က အတိုင်းဘဲ။

ကျွန်ခေတ်ကို တမ်းတနေသူတွေနဲ့
လူကိုလူလို  လူသိသိသူတွေကြားမှာ
ပြဿနာတွေ အကြီးကြီးရှိနေတယ်
ကျွန်ခေတ်က အတိုင်းဘဲ။

ဗားတော့ဘရက်က
(ဟေ့ စိတ်ဓာတ်ချွတ်ခြုံကျအောင်
အဖိနှိပ်ခံရသလား။
ဟေ့ သည်းမခံနိုင်လောက်အောင်
အစော်ကားခံရပြီဆိုရင်။
ခံရတာတွေ တကွက်ချင်း ပြန်တွေးပြီး
မခံချင်စိတ် မွေးစမ်း။
ကြေကွဲစရာ ခံစားမှုတွေနဲ့ မရှိမဖြစ်တဲ့
လိုအပ်ချက်တွေအတွက်
ခုချက်ချင်း တိုက်ပွဲဝင်ပါတဲ့။)

အကုန်လုံးလွတ်ရင်လွတ်
အကုန်လုံးငတ်ရင်ငတ်တဲ့
ကျွန်တွေအတွက် ကဗျာပါ။

ကနေ့ ကျနော်တို့မှာ
ပြဿနာအကြီးကြီးရှိနေပြီ
အဲဒါကတော့
ယုံကြည်မှုပျောက်ဆုံးခြင်းဘဲ။

ကိုအောင်မှိုင်း

(ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကဗျာဆရာ ဗားတော့ဘရက်ရဲ့ အနှစ် ၁၂၀ မြောက်မွေးနေ့အတွက် အမှတ် တရပါ။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts