စာအုပ်စင်

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၈

မိုးမခမီဒီယာက လစဉ်လုံးချင်းစာအုပ်များ ကြိုးစားထုတ်ဝေနေရာမှာ ဒီလမှာတော့ဖြင့် ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ ရေးသားခဲ့တဲ့ အင်္ဂလိပ်စာတတ်လိုသော်နဲ့ စာအုပ်စင်ကျေးဇူး ဆောင်းပါးစာအုပ် ထွက်ရှိလာပါပြီ။ အင်္ဂလိပ်စာ လေ့လာသူများအတွက် အကြိမ်ကြိမ် ထုတ်ဝေညွှန်းဆိုနေရတဲ့ စာအုပ်ပါ။ ယခုက ပဉ္စမအကြိမ် ပုံနှိပ်ခြင်း ဖြစ်ပါတယ်။ 

ကိုလိုနီခေတ် အမျိုးသားကျောင်း ပညာရေးနဲ့ ကြီးပြင်းလာခဲ့ပြီးနောက် သတင်းစာဆရာ၊ ကျောင်းဆရာနဲ့ စာရေးဆရာ အဖြစ် ဖြတ်သန်းခဲ့ကြတဲ့ စာပေဇနီးမောင်နှံ တို့ရဲ့ အင်္ဂလိပ်စာပေ လေ့လာသင်ယူခဲ့မှု ဘ၀မှတ်တမ်းများကို မော်ကွန်းတင်ရေးသားထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။

စာအုပ်တန်ဖိုး – ၁၅၀၀ ကျပ် ဖြစ်ပါတယ်။ မိုးမခစာပေက ထုတ်ဝေပြီး ဆိပ်ကမ်းသာ ကနေ ဖြန့်ချိပါတယ်။ စာအုပ်ဖြန့်ချိရေးအတွက် ဆက်သွယ်မယ်ဆိုပါက  –  ဆိက်ကမ်းသာစာပေ အမှတ် ၁၃ / ၃၈ လမ်း ပလာဇာဈေးသစ် ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ ကို ဆက်သွယ်ပါ။ တအုပ်ချင်း မှာယူလိုပါက WE Distribution (Yangon Book Plaza, သံဈေး ၅ထပ်၊ ရန်ကုန်) ကို ဆက်သွယ်မှာယူနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts