ကဗျာ မြန်မာပြည်တွင်း

မျိုးတေဇာမောင် – တီဗွီဂိမ်း


တီဗွီဂိမ်း
မျိုးတေဇာမောင်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈

တစ်နာရီ တီဗွီဂိမ်းကစားခ ဘယ်လောက်လဲ

မမှတ်မိတော့ဘူး
မုန့်ဖိုးလေးထဲက ခြစ်ကုပ်စုပြီး
တီဗွီဂိမ်းကစားတယ်
ရမ်ဘိုဂိမ်းလို့ ကျနော်တို့်ခေါ်ကြတယ်
သေလိုက်တာ သောက်သောက်လဲ
အကောင်သုံးဆယ်ခိုးကစားလည်း 
အကုန်သေတယ် ၊ရှုံးတယ်။
ဟိုကောင်တွေပစ်လို့
ကားခနဲ၊ကားခနဲ သေပြနေရတာ
တီဗွီဂိမ်းရုံမှာ ဂိမ်းကစားခဲ့ရတဲ့ ကလေးဘဝကနေ
အခု လက်ကိုင်ဖုန်းထဲမှာ ကစားတဲ့အထိပဲ။
နိဂုံးချုပ်လိုက်တော့
ကိုယ်က အသုံးမကျသူ ဖြစ်ပြီး
ဟိုကောင်တွေက အပြင်အဆင်သိပ်ကောင်းတယ်။
ဟိုကောင်တွေကို ပရိုဂရမ်ရိုက်သွင်းထားပြီး
ကိုယ့်မှာက နှလုံးသားနဲ့သွားနေရတာ လို့
ဖြေတွေးလေးတွေးပြီး
ဂိမ်းဆက်ကစားနေလိုက်တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts