ရသဆောင်းပါးစုံ

လင်းခါး – ပိုမြန်လေ ပိုလေးလေ


KT#
 ပိုမြန်လေ ပိုလေးလေ

လင်းခါး

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

 အပွင့်ထက် အရွက်က ပိုဆန်းကြယ်
တိမ်တွေထက် နွားရေက ပိုအကွက်လှ
တံတွေးထွေး အဝေးပြိုင်တဲ့ အရွယ်ပဲ
ခွေးထက်ပိုအူတဲ့ မီးခိုးပဲ
ငယ်ရတာ မုန့်ချိုတခဲမှန်း မသိတော့
ခိုလည်ပင်းကို ပစ်လိုက်မိတယ်
စီးနေတဲ့ မြစ်ထက် ထွန်းနေတဲ့ သောင်က
လွမ်းစရာပိုကောင်းခဲ့ပြီ။ ။

လင်းခါး
2-jan-2018


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts