လူမှုရှုခင်း သမိုင်းနဲ့ အစဉ်အလာ မြန်မာပြည်တွင်း

လင်းသက်ငြိမ် – အမေနေ့နှင့်​ပတ်သက်၍

 

မူရင်း ပိုင်ရှင်ကို Credit ပေးပါတယ်။


အမေနေ့နှင့်​ပတ်သက်၍
လင်းသက်ငြိမ်
(မိုးမခ)၊ ဇန်နဝါရီ ၄၊ ၂၀၁၇

ပြာသိုလပြည့်​တွေမှာ ကျွန်​​တော် မကြာခဏ ပြဿနာတက်ရပါတယ်။ ဘာပြဿနာလည်းဆိုတော့ အကြီးကြီးလည်းမဟုတ်ပါဘူး။ အကြီးကြီးလည်းဟုတ်ပါတယ်။

ဦးဆုံးပြဿနာတက်ရတာက​တော့ ကျွန်​​တော့်မြို့မှာပါပဲ။
ပြာသိုလပြည့်မှာ စာပေဟောပြောပွဲလေးလုပ်ချင်တယ်ဆိုပြီး အစည်းအဝေးထိုင်ကြတော့ လူကြီးတယောက်က တခြားမြို့တွေလုပ်တာနဲ့မတူ အောင် အမေ့နေ့လုပ်ကြမယ်တဲ့။ အ​မေ​နေ့ကို ​အောက်​ကမျင့်​ထည့်​ပြီးလုပ်​မယ့်​ကိစ္စ ကျွန်​​တော်​မ​နေနိုင်​တာနဲ့ ထ​ပြောမိခဲ့တယ်​။
ခင်ဗျားလုပ်ချင်ရင်ကြိုက်တဲ့ နေ့မှာကြိုက်တဲ့နာမည်နဲ့လုပ်ပါ ပြာသိုလပြည့်​နေ့မှာတော့ ခင်ဗျားပေးချင်တဲ့ နာမည်ပေးပြီး မလုပ်ပါနဲ့ တကယ်လို့ လုပ်ကိုလုပ်မှာဆိုရင် ကျွန်​​တော်ဘယ်နေရာကမှ မပါနိုင်ဘူးလို့ ခပ်တင်းတင်းပြောပြီး ကန့်ကွက်ခဲ့မိတယ်။ အဲ့ဒီအစည်းအ​ဝေးမှာ ခေါင်းစဉ်aပးကြတာတွေကလည်း တကယ့်ကိုစိတ်ပျက်စရာ​တွေချည်းပါပဲ။ အမေပဲ သီးသန့့််လုပ်ရင် မကောင်းဘူးတို့၊ သူများထက်​ထူးခြား​aအာင်​ အမေနဲ့အဖေများနေ့လုပ်ရင်​မ​ကောင်းဘူးလားဆိုတဲ့ ရွှေဉာဏ်တော်စူးရောက် တွေလည်း ပါသေးတယ်။ နောက်ဆုံးတော့ ပြာသိုလပြည့်နေ့rဟုတ်တဲ့ လမပြည့်ခင်တရက်အလိုမှာ မိဘများနေ့ဆိုပြီးလုပ် ဖြစ်ခဲ့ပါတယ်။ ဘယ်​​လောက်​အူ​ကြောင်​ကြား နိုင်​လိုက်​​လေသလဲ။
မနှစ်ကပြာသိုလပြည့်​နေ့ ဖေစ့်​ဘုတ်မှာ အမေနေ့အမှတ်​တရ စတေးတပ်တွေအများအပြားရေးတင်​ကြတယ်။ အမေများနေ့လို့ ရေးနေကြတာတွေ အတော်များများတွေ့ရလို့​ပြောပြခဲ့ဖြစ်ပါတယ်။ အဲ့လို​ပြောတာကို မကြိုက်ကြတဲ့လူတွေက များပါတယ်။ အပြန်အလှန်ပြောရင်း စကားများမလို ဖြစ်​တဲ့အထိကြုံခဲ့ရပါတယ်။ အဆိုးဆုံးက အ​မေ​နေ့စာပေဟောပြောပွဲတခုအကြောင်းကို အဲ့ဒီစာပေ ဟောပြောပွဲမှာ​ဟောတဲ့ စာ​ဟောဆရာက အမေများနေ့လို့ ရေးပြီးတင်ထားတာတွေ့လို့ ကျွန်​​တော်​မက်ဆေ့ကနေ သွား​ပြောပါတယ်​။`ဆရာ အမေများနေ့မဟုတ်ဘူးနော်အမေနေ့လို့ ဆရာဦးသုခက သေချာပြောခဲ့တယ်။ စာအုပ်တွေလည်း ​ရေးခဲ့တယ်လို့ပြောတော့ အဲ့ဒီစာအုပ် သူ မဖတ်ဘူးတဲ့။ အ​မေ​နေ့နဲ့အ​မေများ​နေ့က အတူတူပဲတဲ့။
အ​မေများ​နေ့ဆိုတာက ပိုပြီး​တော့ ကမ္ဘာမဆန်​ဘူးလားတဲ့။
အဲ့ဒါဆို ကျွန်​​တော်မိတ္တူဆွဲပြီး ပို့ပေးမယ်ဗျ စင်​​ပေါ်တက်​​ဟော​နေတဲ့ ဆရာတို့က ​ဖော်ထုတ်ရမယ့်​ကိစ္စကို ဆရာတို့ကစပြီးလွဲနေရင် ဘယ်မှာ
အတည့်ဖြစ်တော့မှာလဲလို့ ကျွန်​​တော်ပြောတော့ အဲ့ဒီဆရာကမပျောက်ပါဘူးဗျာရှိနေမှာပဲဥစ္စာ အမေနေ့နဲ့ အမေများနေ့ကအတူတူပဲ မဟုတ် လား အမေတွေရှိနေသ၍ အမေများနေ့ရှိနေမှာပါလို့ ဆက်ပြောလာတော့ ကျွန်​​တော်​စိတ်ညစ်ခဲ့ရတယ်​။
အဲ့ဒီစာ​ဟောဆရာ ပြီးတော့ ဘာသာပြန်ဆောင်းပါးတွေရေးနေတဲ့ဆရာတစ်ယောက်နဲ့ မက်ဆေ့မှာစကား စပ်မိရင်းက​နေ
အမေနေ့အကြောင်းရောက်သွားပြီး ​ပြောဖြစ်​​တော့ အမေများနေ့နဲ့ အမေနေ့ကအတူတူပဲ လေလို့သူက​ပြောလာတာနဲ့မဟုတ်ဘူးဗျ ဦးသုခ က စကားလုံးလေးကိုအသေအချာဂရုတစိုက်ပြောပြီးမှ အမေနေ့လို့ ပေးခဲ့တာလို့ပြောပြ​တော့။ အဲ့ဒါဆို ဦးသုခနေ့လားတဲ့။
ကျွန်​​တော်​ထောင်းခနဲ​ဒေါသဖြစ်သွားရတယ်။ စကားမများချင်တာနဲ့ ဘာာမှထပ်​မပြောဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ မျက်နေခဲ့မိတယ်​။ သတင်း စာ တွေ၊ ဂျာနယ်တွေမှာလည်း အမေများနေ့ပဲရေးသားနေကြတာတွေကိုတွေ့ရတော့ ဘယ်သူမှဝင်မပြောကြဘူးလားလို့လည်း တွေးမိပါတယ်။
၁၉၉၅ ပြာသိုလပြည့်နေ့ မှာ ဦးသုခရဲ့ဟောပြောတိုက်တွန်းချက်နဲ့ အမေနေ့ကိုမန္တလေးစတင်ကျင်းပခဲ့တယ် လို့သိရပါတယ်။ အ​မေ​နေ့နဲ့ပတ်​သက်​ပြီး​ပြောပြထားတဲ့ ဦးသုခရဲ့စကား​တွေနဲ့ လူထု​ဒေါ်အမာရဲ့အ​မေ​နေ့​အတွက်​ ဝမ်းသာစကား​တွေကို
ရိုက်​နှိပ်​ထားတဲ့ ပန်းဖလက်​စာအုပ်​က​လေးကို ဖြန့်​​ဝေခဲ့ပါတယ်​။
ဦးသုခက အမေ့နေ့လို့အမည်​​ပေးရင်​ အမေတဦးတယောက်တည်းကို ရည်ညွန်းသလိုဖြစ်​နေလို့ အမေ့နေ့လို့မသုံးဘူး။ အမေများနေ့ဆိုရင်​လည်း အုပ်စုတစုအသင်းအဖွဲ့တခုတည်းကိုကိုယ်စားပြုသလိုဖြစ်​နေတဲ့အတွက် အ​မေများ​နေ့လို့လည်း မသုံး ဘူး။ အမေဆိုတဲ့စကားလုံးက နှစ်လုံးတည်းပေမယ့် အားလုံးနဲ့သက်ဆိုင်လို့ အမေနေ့လို့ပေးခဲ့တယ်လို့ ဦးသုခရဲ့စာမှာ အသေအချာပြောပြထားပါတယ်။

မေလရဲ့ဒုတိယအပတ်တနင်္ဂနွေနေ့ကိုလည်း နိုင်ငံတကာ က Mother’s Day အမေများနေ့အဖြစ်သတ်မှတ်ထားပါသေးတယ်။ တနည်း ပြောရရင် ကျွန်​​တော်တို့ဟာ ကမ္ဘာက သတ်မှတ်တဲ့အမေများနေ့ရယ် မြန်မာက သတ်မှတ်ကျင်းပတဲ့အမေနေ့ရယ်ဆိုတဲ့ နှစ်နေ့ရှိတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။ အမေကိုချစ်တာ သတိရတာကောင်းတဲ့ကိစ္စပါ။
နေ့တိုင်းအမေနေ့ဖြစ်နေသင့်တာလည်း မှန်ကန်တဲ့ကိစ္စပါပဲ။
ဒါပေမဲ့ ကိုယ်ရှေ့ကလူတွေခွန်စိုက်အားစိုက်နဲ့ အသိအမှတ်ပြုပွဲကလေးဖြစ်အောင် လုပ်ရှားခဲ့ကြတာတွေ မေ့ပစ်လိုက်ဖို့ မသင့်ဘူးလို့ယူဆပြီး ကျွန်​​တော်ဒီစာကိုရေးတာပါ။ အမေများနေ့ဖြစ်ဖြစ် အမေနေ့ဖြစ်ဖြစ် အမေကိုချစ်မြတ်နိုးဖို့၊ ကျေးဇူး သိဖို့၊ ကျေးဇူးဆပ်နေဖို့က​တော့ အဓိကအရေးကြီးတဲ့ကိစ္စပါပဲ။
ဒါပေမဲ့ ပြာသိုလပြည့်နေ့ အမေ့နေ့ရောက်တဲ့အခါ ဒါငါတို့မြန်မာနိုင်​ငံက ကျင်းပတဲ့ အမေနေ့ပါလား ဒါကို ဆရာကြီးဦးသုခတို့က ဦးဆောင် လုပ်ခဲ့ကြတာပါလား။ အဲ့ဒီအသိလေးဝင်ရင်ကိုပဲ ပြာသိုလပြည့် အမေနေ့ဟာ ပိုသက်ဝင်ထင်ရှားလာစရာ အကြောင်းမရှိဘူးလား။ အဲ့ဒီလို သိလိုက်​တဲ့အတွက်​​ကော အ​မေ​နေ့ရဲ့ဂုဏ်​သ​ရေ​ညစ်​​ထေးသွားဖို့ အ​ကြောင်းရှိသလား အ​ရေးကြီးတာက​ အ​မေ​နေ့ကို အ​မေ​နေ့လို့ ဂဃဏန သိဖို့ပါပဲ။
        
သမိုင်းကိုသတ်ပစ်ခဲ့တဲ့သူ​တွေတွကြောင့် သမိုင်းဟာ စွန်းကွက်နေခဲ့ရတာလည်း လက်တွေ့မျက်မြင်ပဲမဟုတ်ပါလား။ ကျွန်​​တော်တို့စာပေနယ် အသိုင်းအဝိုင်းကလူ​တွေလုပ်​​ဆောင်​ခဲ့တဲ့ ကောင်းမွန်​​သောကိစ္စ​တွေနဲ့​လေးမြတ်​ချစ်​ခင်​ရမယ့်​ အ​မွေ အနှစ်​​တွေ​ကို ကျွန်​​တော်တို့စာပေအသိုင်းအဝိုင်းကလူတွေကမှအလေးအနက်​မရှိပဲ၊ တန်ဖိုးမထားပဲ၊ မထေမဲ့မြင် မသိကျိုးကျွံ ပြု​နေကြမယ်​ဆိုရင်​ တဖြည်းဖြည်းတိမ်​​ကောသွားမယ့်​ အ​ခြေအ​နေဆီကိုဆိုက်​​ရောက်​သွား​တော့မယ့်​လို့ ထင်​မိပါတယ်​။ ဒီဘက်​နှစ်​​တွေထဲ​တောင်​မင်းသား မင်းသမီးအဆို​တော်​​ကော စာ​ဟောဆရာဆိုသူ​တွေ​ကောအ​မေများ​နေ့လို့ ​ပြောဆို​နေကြ တာ ​ဟောကြားနေကြတာဟာ ကြည့်​​ကောင်းတဲ့ကိစ္စလို့ကျွန်​​တော်​မမြင်​ပါဘူး။ ရုပ်​သံဌာန​တွေလည်း အ​မေများ​နေ့လို့
သုံး​နေကြတာကိုလည်း ​တွေ့မြင်​​နေရပါပြီ။ သူ့ဘာသာအမေနေ့ဖြစ်ဖြစ်အမေများနေ့ဖြစ်ဖြစ် မင်းနဲ့အနေသာကြီးပဲ ဘာလို့ဆရာကြီးဝင်​လုပ်​​ နေရတာလဲလို့ အပြစ်တင်ရင်လည်း ခံယူရုံပါပဲ။ ကျွန်​​တော်ကတော့ ကျွန်​​တော်​မြင်​တဲ့အမြင်​ကို ကျွန်​​တော်​ခံယူထားတဲ့အတိုင်းရေးလိုက်တာ ပါပဲ။
ကျွန်​​တော့်​အတွက်​​က​တော့ ပြာသိုလပြည့်​​နေ့ဟာ ဦးသုခ​ပြောခဲ့တဲ့အတိုင်း အ​မေ​နေ့ပါပဲ။
အ​မေ့​နေ့မဟုတ်​ပါ၊ အ​မေများ​နေ့မဟုတ်​ပါ။ များချင်​ကြရင်​ မေ့ချင်​ကြရင်​လည်း လက်​နှစ်​ဖက်​နဲ့ဆလံသပြီး ထိုင်​​နေရုံအပြင်​ ကျွန်​​တော်​ဘာမှ လည်း မတတ်​နိုင်​ပါ၊
           

အားလုံးပဲပြာသိုလပြည့် အမေနေ့မှာ ကိုယ်စိတ်​နှစ်​ပါးလုံး ချမ်းသာကြပါစေ။

လေးစားစွာဖြင့်

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts