ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ရေဘေးလည်းကယ်၊ ရေတွင်းလည်းတူး ကုသိုလ်ထူး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
အောက်တိုဘာ ၁၊ ၂၀၁၃

ယခုအခါ ကမ္ဘာအရပ်အသီးသီးနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကပ်ဘေးအမျိုးမျိုးထဲမှ ရေလွှမ်း မိုးမှု၊ ရေကြီးမှုတည်းဟူသော သဘာဝတရားကြီး၏ ဖောက်ပြန်မှုတို့ကို ကြုံတွေ့ခံစားနေရသလို အချို့သော အရပ်ဒေသများစွာတို့တွင်လည်း ရေရှားပါးမှုဟူသော ဘေးဒုက္ခများ ကြုံတွေ့နေရသည်ဖြစ်သည်။ “ရေ အသက် တစ်မနက်” တည်းဟူသော ဆိုရိုးစကားအတိုင်းရေသည် မရှိမဖြစ်လိုအပ်သောအရာ တစ်ခုဖြစ် သည်။ ရေမရှိပါက လူတို့အသက်သေဆုံးကြရမည်ဖြစ်သလို ကမ္ဘာမြေကြီးပေါ်တွင် ရေများခန်းခြောက် သွားပါကလည်း ကမ္ဘာမြေကြီး ပျက်စီးယိုယွင်းမှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူသားအကျိုးပြုလုပ်ငန်းများအား အခမဲ့ ထမ်းရွက်ပေးနေသည့် အသင်း အဖွဲ့ကြီးအနေဖြင့် ရေကြီးရေလျှံ ရေဘေးဒုက္ခသယ်များအား တက်နိုင်သ၍ ကူညီဖေးမ ပြုလုပ်ထမ်းရွက် ပေးနေသလို ရေရှားပါးသော အရပ်ဒေသများသို့လည်း ရေတူးဖော်ခြင်းကုသိုလ်တော်အား တစ်ပြိုင်နက် တည်း ထမ်းရွက်ပေးဆပ်လျှက်ရှိသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ဆောင်ရွက်နေသော သောက်သုံးရေရှားပါးသော ဒေသများတွင် ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများအား လက်တွေ့တူးဖော် ကူညီပေးလျှက်ရှိသော ရေ ကုသိုလ်တော် သတင်းများအား တဆင့်စကားတဆင့်ကြားဆိုသလို စေတနာရှင် ရေအလှူရှင်တို့မှ သဒ္ဓါ တရားပြည့်ဝစွာဖြင့် ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများ တူးဖော်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်လှူဒါန်းလျှက်ရှိသည်။
၂၉.၉.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်လှူဒါန်းလျှက်ရှိသော အလှူရှင် ဒေါ်စန်းစန်းဆွေ၏ နှစ် (၆ဝ) ပြည့်မွေးနေ့အလှူအဖြစ် သောက်သုံးရေ ရှားပါးသောဒေသများတွင် ရေတွင်း၊ ရေကန်များတူးဖော်ပေးနိုင်ရန်အတွက် လှူဒါန်းငွေ သိန်း (၆ဝ) ကျပ်အား လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲ အခမ်းအနား ၂၉.၉.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သီတဂူကမ္ဘာ့သာသနာပြုကျောင်းတိုက်တွင် ပြုလုပ်ကျင်းပ ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ အလှူရှင် ဒေါ်စန်းစန်းဆွေနှင့် မိသားစုဝင်များ၏ ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ တက်ရောက် လက်ခံရယူခဲ့သည်။ အဆိုပါလှူဒါန်းပွဲတွင် အလှူရှင် ဒေါ်စန်းစန်းဆွေမှ ၄င်း၏ အသက် (၆ဝ) ပြည့် အထိမ်းအမှတ် အလှူအဖြစ် သီတဂူစက္ခုပါလဆေးရုံအတွက် သိန်း (၆ဝ)ကျပ်၊ ရွှေပြည်ဟိန်းဆေးရုံ အတွက် သိန်း (၆ဝ) ကျပ်၊ ရွှေပါရမီဖောင်ဒေးရှင်းအတွက် သိန်း(၆ဝ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေအလှူဒါန အတွက် သိန်း(၆ဝ)၊ မြတောင်ဆရာတော် ဘုရား၏ လူမှုအကျိုးပြုရန်အတွက် (၁ဝ) သိန်း ကျပ်၊ ရွှေပြည်ဟိန်းဆရာတော်အား လူမှုအကျိုးပြုရန်အတွက် (၁ဝ) သိန်းကျပ်နှင့် သီတဂူ ကမ္ဘာ့ သာသနာပြုကျောင်းမှ စာချဆရာတော် (၁ဝ) ပါးအတွက် တစ်ပါးလျှင် (ငါးသောင်း) ကျပ်နှင့် ကြွရောက် တော်မူကြသော သံဃာတော်ရှင်သူမြတ် (၃ဝဝ) အတွက် တစ်ပါးလျှင် (၅ဝဝဝ) ကျပ်တို့အား လှူဒါန်းခဲ့ သည်။ အဆိုပါလှူဒါန်းမှု အစုစုတို့အား ရွှေပြည်ဟိန်းဆရာတော်မှ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထိုကဲ့သို့ လူမှုရေး၊ ကျန်းမာရေးနှင့် သောက်သုံးရေရရှိရေးအတွက် စေတနာသဒ္ဓါတရား ထက်သန် စွာဖြင့် လှူဒါန်းခဲ့ပါသော အလှူရှင် ဒေါ်စန်းစန်းဆွေနှင့် မိသားစုတို့သည် သက်ရှည်ကျန်းမာစွာဖြင့် ဘာသာအကျိုးနှင့် လူမှုအကျိုးတို့အား ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts